ခန့်၊ နှိုင်း၊ စွမ်းပြည့် နှင့် သူရ တို့ လေးယောက်သား ပြန်ဖြေလိုက်ကြပြီးနောက် လေးလံသွားသည့် ခြေထောက်များကို အားပြုကာ Mahar Entertainment ရှိ ဦးလွင်မဟာမြတ်၏ရုံးခန်းဆီသို့ >>>။
ဒေါက် ဒေါက် ဒေါက် ***
"ဦးလွင် သားတို့ ရောက်ပါပြီဗျာ့"
ရုံးခန်းရှေ့ ရောက်သည်နှင့် တံခါးခေါက်လိုက်ပြီးနောက် ခန့် ဦးဆောင်၍ အထဲဝင်လေ၏။ ကျန်သုံးယောက်ကလည်း ခေါင်းလေး ငိုက်စိုက်ချကာ လိုက်ဝင်လာကြတော့သည်။
"အင်း ... ဒီရှေ့ကို လာခဲ့ကြ"
အလုပ်စားပွဲ၌ အလုပ်လုပ်နေသည့် ဦးလွင်က ခန့်တို့လေးယောက်ကို တစ်ချက် ပင့်ကြည့်၍ ခေါ်လိုက်သည်ကြောင့် လေးယောက်သား ဦးလွင်စားပွဲရှေ့တွင် တန်းစီရပ်ရ၏။ အအေးကိုင်ထားသည့် လက်ကလေးများကိုတော့ အနောက်သို့ ပို့လျက်။
"ဦးလွင် သားတောင်းပန် ..."
"အအေးတွေ ၀ယ်လာကြတယ်မလား၊ ခဏထိုင်နားပြီး သောက်လိုက်ကြ၊ ပြီးမှ စာရင်းရှင်းကြတာပေါ့၊ ကိုယ် အလုပ်လက်စသတ်စရာရှိလို့ တိတ်တိတ်နေပေး၊ ဆူညံမနေကြနဲ့"
"ဟုတ်ကဲ့ ... "
"ခန့် စကားမဆုံးသေးခင် ဦးလွင် ပြောလာသည်ကြောင့် လေးယောက်သား ပြိုင်တူ ဖြေလိုက်ပြီး ခန့်က စကားဆက်ပြောလိုက်သေး၏။
"ဦးလွင်၊ ဟိုလေ ... "
"ဘာမှ မပြောနဲ့ဦး ခန့်ငယ်၊ ကိုယ် စိတ်ရှုပ်နေတယ်"
ဦးလွင်က သူ စက်ဘီးစီးပြိုင်တာတွေ ဘာတွေ အသံမကြားချင်ဘူး ဟု မမှာလိုက်မိတာကိုပင် နောင်တရချင်ချင်။
"ဟုတ်ကဲ့ဗျာ့ ... "
ဦးလွင်၏ မျက်မှောင်ကြုတ်ကြည့်ခြင်းကို ခံလိုက်ရသည့် ခန့်က ခေါင်းလေးငုံ့ကာ ပြန်ဖြေလိုက်ပြီးနောက် ခန့်တို့ လေးယောက် ဆိုဖာခုံဆီသို့ သွားလိုက်ကြတော့သည်။
ခန့်က ဦးလွင် စိတ်ဆိုးနေသည့် အခြေအနေတွင် အအေး ထိုင်သောက်ဖို့ရန်လည်း စိတ်မပါသည်ကြောင့် မြန်မြန် အပြစ်ဝန်ခံကာ အပြစ်ပေးခံယူပြီး ထိုအခြေအနေကို အမြန်ဆုံး ပြီးသွားစေချင်နေခြင်းပင်ဖြစ်သည်။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romantizm*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...