"နှိုင်းဝဏ္ဏ အဆင်ပြေရဲ့လား ခန့်ငယ်"
တံခါးဖွင့်ပေးထားသဖြင့် ခန့် ကားပေါ်တက်လိုက်ရာ ကားပေါ်ရောက်ရောက်ချင်း ဦးလွင်က သူ့ကို ခါးပတ်ပတ်ပေးရင်း မေးလာသည်ကြောင့် ခန့် သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ပြန်ဖြေလိုက်၏။ ကားလေးကတော့ ခန့် ခါးပတ်ပတ်ပြီးသည်နှင့် မောင်းထွက်သွားပြီပင်။ ယခုက ဦးအောင်ဇော်မပါဘဲ ဦးလွင် ကိုယ်တိုင်မောင်းလာသည်ကြောင့် ဦးလွင် နှင့် ခန့် နှစ်ယောက်တည်းသာ အိမ်ပြန်ကြခြင်းဖြစ်ပေသည်။
ဟင်းးးးး***
"သိပ်တော့ အဆင်မပြေဘူး ဦးလွင်၊ သူ အသဲကွဲနေတာ .... ၊ စွမ်းပြည့်နဲ့ သူရက ဒီနေ့ပဲ ချစ်သူတွေဖြစ်သွားကြပြီလေ၊ နှိုင်းက စွမ်းပြည့်အပေါ် ခံစားချက်တွေရှိနေတော့ စစချင်းတော့ သူ ခံစားရမှာရယ်၊ သူ အများကြီးလည်း ငိုတယ်၊ အခုတော့ သား သူ့ကို ဆေးတိုက်ထားပြီး သိပ်ခဲ့လိုက်တယ်၊ အိပ်ပျော်သွားတဲ့အချိန်လေးတော့ သူ ခံစားရတာ သက်သာမှာပါ၊ သူ အဆင်ပြေသွားမှာပါနော် ဦးလွင် ... "
"အင်းပေါ့ ဖြည်းဖြည်းချင်းတော့ သေချာပေါက် အဆင်ပြေသွားမှာပါ၊ ခန့်ငယ် အရမ်းစိတ်မပူနဲ့နော်၊ နောက်ရက်တွေကျ ခန့်ငယ် ရိုက်ကူးရေးပြီးရင် သူနဲ့ အဖော်လုပ်ပေးလိုက်လေ၊ သူတစ်ယောက်တည်းရှိနေပြီး အတွေးတွေလွန်နေတာနဲ့စာရင်တော့ ပိုအဆင်ပြေတာပေါ့"
"ဟုတ်ကဲ့ ဦးလွင်၊ သား နေ့တိုင်း သူ့ဆီ သွားလိုက်မယ်နော်"
"အင်း ..."
............
"ဦးလွင် လာ၊ ဟိုလေ ... သားက နှိုင်းထမင်းမစားမှာစိုးလို့ နှိုင်းတို့အိမ်မှာ တူတူ စားလာခဲ့လိုက်လို့ ဒီနေ့ ဦးလွင် တစ်ယောက်တည်း စားလို့ အဆင်ပြေလားဟင်၊ သား ဦးလွင်ကို စောင့်ပေးမယ်လေ၊ ဟီး ..."
အိမ်ရောက်ပြီး ခဏ နားပြီးသည်နှင့် နှစ်ယောက်သား ရေချိုးလိုက်ကြပြီးနောက် ခန့်က ထမင်းစားခန်းထဲတွင် ဦးလွင်အတွက် ထမင်းခူးပေးနေရင်း ထမင်းစားခန်းထဲ ၀င်လာသည့် ဦးလွင်အား လှည့်ကြည့်ကာ လှမ်းပြောလိုက်ခြင်းဖြစ်သည်။
ဦးလွင်လည်း ခုံတွင် ၀င်ထိုင်ကာ ခန့်အား ပြန်ပြောလိုက်၏။
"ရပါတယ် ခန့်ငယ်ရဲ့၊ မစောင့်ပေးလည်း ရတယ်၊ ခန့်ငယ်လည်း ပင်ပန်းနေတာ သွားနားနှင့်လေ ကိုယ် လိုက်ခဲ့မယ်"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...