"ဦးလွင်၊ ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်ရမယ်နော်၊ သားမှာထားတာတွေမမေ့နဲ့"ထွန်းခန့်သော်တာတစ်ယောက် ဦးလွင်နှင့်အတူ ကုတင်ပေါ်တွင် ရောက်နေပြီဖြစ်သော်လည်း မအိပ်နိုင်သေး။ ဦးလွင်လက်မောင်းပေါ် ခေါင်းအုံးကာ ဦးလွင်၏ ရင်ခွင်ထဲတိုး၀င်လျက် ဖက်ထားရင်း တစ်ခုပြီးတစ်ခု မှာနေခြင်း။
"ကိုယ်မမေ့ပါဘူး ခန့်ငယ်ရဲ့"
"အဲ့တာဆို သားမှာထားတာဘာတွေလဲ ပြန်ပြောပြ"
"ဟော ... ကိုယ်က ကလေးလား"
"အာ မရဘူး ဦးလွင်ရာ၊ ပြောပါဆို"
"အလုပ်တွေပဲ ဖိမလုပ်ရဘူး၊ အချိန်မှန်မှန်စားရမယ်၊ ညဉ့်နက်တဲ့ထိမနေဘဲ စောစောအိပ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် ဂရုစိုက်ရမယ်၊ နွေးနွေးထွေးထွေးနေရမယ်၊ သွေးတိုးစေတဲ့အစားအသောက်တွေ မစားရဘူး၊ ခန့်ငယ်ဆီ နေ့တိုင်း ဖုန်းဆက်ရမယ်၊ ခန့်ငယ် ဖုန်းဆက်ရင်လည်း ကိုင်ရမယ်၊ ဒါတွေမလား ကိုယ် မှတ်မိပါတယ်ကွာ"
အမျိုးသားလေး အလိုကျ မှာထားသည်များကို တစ်ခုချင်းရွတ်ပြတော့ ရင်ခွင်ထဲမှနေ၍ ခေါင်းလေးမော့ကြည့်ကာ ခေါင်းတစ်ညိတ်ညိတ်ဖြင့် လူကြီးဆိုဒ်ဖမ်းနေလေ၏။
ဦးလွင်က မနက်ဖြန် မနက်စောစော ရှမ်းပြည်ဘက်သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်ရမည်ဖြစ်သည်ကြောင့် ခန့်က တန်းစီကာ မှာနေရခြင်း။ သုံးရက်လောက်သာ ကြာမည့် ခရီးကို ခန့်စိတ်ထဲ သုံးလလောက်ကြာမည်ဟု တွေးထားပုံပင်။
ခရီးကိုတော့ ဦးလွင်၏ကားဖြင့် သွားမည်ဖြစ်ပြီး ကားကို အလှည့်ကျမောင်းနိုင်ရန် ဦးလွင်၏ Driver ဦးအောင်ဇော်အပြင် နောက်ထပ် Driver တစ်ယောက်ပါ ပါမည်ဖြစ်ပါ၏။ ဦးလွင်နှင့်အတူ အတွင်းရေးမှူးဖြစ်သည့် ထိုက်စံပါ ခရီးတွင် လိုက်ပါရမည်ဖြစ်ပေသည်။
ခန့်က ဦးလွင်နှင့် မခွဲချင်ပါသော်ငြား သူ့အလုပ် Schedule ကြောင့် နေခဲ့ရခြင်းပင်။ ထို့ကြောင့် သူက တတွတ်တွတ် ကပ်မှာနေသည်ကို မရပ်တန့်နိုင် ဖြစ်နေခြင်း။
"ဟုတ် ... အာ ... ရှိသေးတယ်၊ ရှိသေးတယ်၊ မေ့တော့မလို့၊ အဲ့ဘက်က အရမ်းအေးတော့လေ ဦးလွင် ရေချိုးလည်း မမှားစေနဲ့နော်၊ နေမကောင်းမဖြစ်ရဘူးနော် ၊ အကယ်၍ နေမကောင်းဖြစ်ရင် သားကို ချက်ချင်းဖုန်းဆက်ပြောရမယ်၊ သား ချက်ချင်းလိုက်လာမှာ"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...