"ဦးလွင် ဒါက ဈေးမများဘူးလား၊ ဈေးသင့်တာလေး ထပ်ရှာရအောင်ပါ ... နော်""ဟောဗျာ၊ ဘယ်လိုဖြစ်နေလဲ ခန့်ငယ်ရယ်၊ ဘာလို့ အဲ့လောက်နှမြောနေတာတုန်း"
ခန့် စာမေးပွဲ ဖြေပြီး နောက်နှစ်ရက်မြောက် ည၌ ဧည့်ခန်းထဲရှိ ဆိုဖာခုံပေါ်တွင် ဦးလွင်နှင့်ခန့် ငြင်းနေကြသည်က ခန့် ရိုက်ကူးရေးတွင် အသုံးပြုမည့် တိုက်ခန်းအတွက် ပရိဘောဂပစ္စည်းများ ဖြည့်ရန်နှင့် ပတ်သက်နေသည်။
လိုအပ်သည့် ပရိဘောဂ ပစ္စည်းတို့ကို ဖုန်းဖြင့် မှာရန် ရွေးနေကြရင်း ခန့် ဈေးနှုန်း စိတ်တိုင်းမကျဖြစ်နေခြင်းဖြစ်သည်။
"နှမြောတာရယ်လို့လည်း မဟုတ်ပါဘူး၊ သားက အဲ့မှာ အမြဲတမ်းနေဖြစ်မှာမှမဟုတ်တာ၊ ဦးလွင်ကလည်း ..."
"ခန့်ကလည်း ... အပိုကုန်တယ် လို့ တွေးနေလို့မရဘူးလေ၊ ကိုယ်ပြောပြမယ်၊ ခန့် ဉာဥ့်နက်တဲ့ထိ ရိုက်ကူးရေးလုပ်ရပြီး မနက်လည်း အစောထပြီး ရိုက်ကူးရေးလုပ်ရမှာတွေရှိလာရင် ရိုက်ကူးရေးနေရာနဲ့ အနီးဆုံးရှိတဲ့ဆီမှာ နားလို့ရအောင်လို့၊ သွားရ၊ လာရ အချိန် သက်သာအောင်လို့လေ၊ အဲ့တာကြောင့် ကိုယ်က နေရာတော်တော်များများမှာတောင် တိုက်ခန်းတွေရှိထားချင်သေးတာ"
***ဘုရား ... ဘုရား၊ ဦးလွင်က ရပ်ကွက်တိုင်း၊မြို့နယ်တိုင်းမှာ တိုက်ခန်းတွေဝယ်ထားဖို့တွေးနေတာများလား***
ခန့် မျက်လုံးလေးပြူးလျက် ဦးလွင်အား ကြည့်ရင်း စိတ်ထဲမှ တွေးလိုကျမိတော့သည်။
"ဦးလွင်ကလည်း၊ ရပါတယ်၊ သားက ဒီမှာပဲ နားချင်တာလေ၊ ဒီမှာက သားအတွက် သက်တောင့်သက်သာ အဖြစ်ဆုံးပဲ၊ အာ့မို့ အခု တိုက်ခန်းအတွက်ကိုလည်း ဈေးသင့်တာလေးတွေ ထပ်ရှာကြရအောပါင်နော်"
"ဒါပဲ မှာမယ်"
ဦးလွင်ကလည်း သူမျက်စိကျနေသည့် အမျိုးအစားဖြစ်သဖြင့် အလျှော့မပေးလို။
"ဦးလွင် ~~~"
"ခန့်ငယ်!!"
နှစ်ယောက်ကြားလေထုက အချိန်ခဏမျှ အနည်းငယ် အေးစက်တိတ်ဆိတ်သွားပြီးနောက်မှ ဦးလွင် စကားဆက်ပြောလိုက်၏။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...