Ep- 106 Zawgyi *p*

466 35 10
                                    


"ဘယ်နှချက်ရှိပြီလဲ"

အစ်ကိုက ကြက်မွှေးကို ဘယ်ဘက်လက်ဖြင့် ပြောင်းကိုင်လိုက်ရင်း ညာဘက်လက်က မိုးသောက် တင်ပါးလေးကို ပွတ်ပေး၍ မေးလာသည်ကြောင့် မိုးသောက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတို့ ထသွားတော့၏။ ဤသည်တောင် တင်ပါးအသားစိုင်ကို တိုက်ရိုက်ထိတွေ့နေခြင်းမဟုတ်သေး။ တိုက်ရိုက်သာဆိုလျှင် မိုးသောက် တစ်ကိုယ်လုံး ပူထူကာ အငွေ့ပျံသွားလောက်မည်လားမသိ။

"ဆယ် ... ဆယ်ချက်လောက်တော့ ရှိပြီ အစ်ကို"

"အွန်း ... မလုံလောက်သေးဘူး"

"ဗျာ ... ဟင့်"

အစ်ကိုက မလုံလောက်သေးဘူး ဟု ဆိုကာ ပွတ်ပေးနေသည်ကို ရပ်လိုက်ပြီး ညာဘက်လက်ဖြင့် ကြက်မွှေးကို ပြောင်းကိုင်လိုက်သည်ကြောင့် မိုးသောက် မျက်နှာလေး မဲ့သွားရတော့၏။

* အစ်ကိုက တကယ်ကြီးကို ထပ်ရိုက်ဦးမှာပေါ့ *

ဖြောင်း!

"အာ့ ၊ နောက်ဆို အစစအရာရာ သတိထားပါ့မယ်"

အစ်ကိုပွတ်ပေးလိုက်၍ နာကျင်မှု အနည်းငယ်မျှ သက်သာသွားသည့် တင်ပါးလေးက ထပ်မံကျရောက်လာသည့်ရိုက်ချက်အောက် ပြန်လည်၍ အလူးအလဲ။

ဖြောင်း!

"အဟင့် ၊ နောက်ဆို အစစအရာရာ သတိထားပါ့မယ်"

မိုးသောက် ဒီအရွယ်ရောက်မှ အရိုက်ခံနေရသည်ကို မငိုမိဖို့ စိတ်တင်းထားပါသော်လည်း အစ်ကို့လက်ဆအောက် ရှိုက်မိ၏။ မေမေ့ဆီက အရိုက်ခံဖူးနေကျဆိုပေမယ့် အရိုက်မခံရသည်မှာ ကြာပြီဖြစ်သည်ကြောင့် တုတ်နှင့် ဝေးနေသည်မှာ ကြာပြီဖြစ်သည့် သူ့အတွက်တော့ မငိုဘဲ ထိန်းမထားနိုင်တော့ပေ။

ဖြောင်း!

...

...

"နောက်ထပ် ငါးချက်ပဲ ထပ်ရိုက်မယ်၊ အချက်ရေ လိုက်ရေထား မိုးသောက်"

ဆယ့်ငါးချက် ရိုက်ပြီးချိန် ပြောလာသည့် အစ်ကို့စကားကြောင့် မိုးသောက် ထွက်တောင်ပြေးလိုက်ချင်မိပါရဲ့။ အစ်ကို့ဆီက ပထမဆုံး အရိုက်ခံရတာ အချက်နှစ်ဆယ်တောင်ပေါ့။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now