"ဦးလွင် ... ဒါ ... ဒါက"ကိတ်မုန့်သားတို့ ဖယ်လိုက်ချိန်တွင်တော့ အိတ် အကြည်လေးဖြင့် ပတ်ထားသည့် သော့တစ်ချောင်းအား တွေ့လိုက်ရသည်မို့ ခန့် သော့လေးကိုကိုင်ကာ ဦးလွင်ဘက်သို့ လှည့်၍ မေးလိုက်ခြင်းပင်ဖြစ်သည်။
"ကားသော့၊ ခန့်ငယ်အတွက် birthday present"
ခန့် မျက်လုံးဝိုင်းဝိုင်းလေးတို့ ပြူးလျက် မည်သည့်စကားမျှ မဆိုနိုင်ဘဲ ဦးလွင်အား ကြည့်နေမိသည်ကြောင့် ဦးလွင်ကပဲ စကားဆက်ပြောလာ၏။
"ခန့်ငယ် Debut ပွဲ ပြီး နောက်တစ်ရက်မှ ကားကိုသွားယူကြမယ်၊ ပြီးရင် အားတဲ့အချိန်တိုင်း ခန့်ငယ်ကို ကိုယ် ကားမောင်းသင်ပေးမယ်"
"ဦးလွင်ကလည်း ... အိမ်မှာရှိတဲ့ ကားတွေနဲ့ သင်လည်း ရတာပဲကို၊ အသစ်ထပ်ဝယ်တော့ ပိုက်ဆံအပိုကုန်တာပေါ့"
"ခန့်ငယ်အတွက်မှန်သမျှ ကိုယ့်မှာ အပိုကုန်တယ်လို့မရှိဘူး"
"ဒါပေမယ့်လည်း ..."
"ကဲ ... Birthday boyလေးရေ၊ မွေးနေ့လက်ဆောင်ဆိုတာ မငြင်းရဘူး၊ ဆက်မပြောနဲ့တော့"
"ဟုတ်ကဲ့ပါဗျာ့၊ အဲ့လိုဆို သားက ကျေးဇူးတင်စွာနဲ့ပဲ လက်ခံထားလိုက်ပါပြီခင်ဗျာ"
ကုတင်ပေါ်ရှိ ဦးလွင်ဘက်သို့ လှည့်ကာ ကားသော့လေးအား လက်ဖဝါးနှစ်ဖက်ပေါ်ဖြန့်တင်၍ ကိုယ်ကို ကိုးဆယ်ဒီဂရီ ကိုင်းညွတ်ကာ ပြောလာသည့် ကလေးငယ်ကြောင့် ဦးလွင် ခေါင်းကိုမော့ကာ ခပ်ဖွဖွ ရယ်လိုက်မိတော့သည်။
"ဦးလွင် ... အာ"
ထို့နောက် ခန့် ထက်ဝက်ခြမ်းထားသည့် ကိတ်မုန့် တစ်ခြမ်းထဲမှ တစ်ဇွန်းကို ဦးလွင်၏ ပါးစပ်နားတွင်ကပ်ကာ "အာ"ဟုပင် ပြောလိုက်သေးသဖြင့် ဦးလွင် ပြုံးလိုက်ပြီး ပါးစပ်ဟပေးလာသည်ကြောင့် ခန့် ဦးလွင်အား ကိတ်မုန့် ခွံ့ပေးလိုက်၏။ ပြီးနောက် သူပါ တစ်ဇွန်း ယူစားလိုက်တော့သည်။
"ခန့်ငယ် အဲ့တစ်ခြမ်းလုံး ကုန်အောင်စားမလို့လား၊ ကိုယ် တစ်စိတ်ပဲစားရမယ်လို့ ပြောထားတယ်နော်"
"ဟီး ဒါ တစ်စိတ်လေ၊ ဦးလွင်ကလည်း"
"ဘာပြောလိုက်တယ်၊ ထွန်းခန့်သော်တာတို့က ဉာဏ်များပြန်ပြီ၊ တစ်စိတ်ဆိုတာ ဘယ်လိုလဲ မှတ်မိသွားအောင် ရိုက်ပြီး သင်ပေးရတော့မယ်နဲ့တူတယ်၊ ဟမ်"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...