အချပ်ပိုလက်ဆောင် အပိုင်း ၁ Unicode

966 86 44
                                    

"ထွန်းခန့်သော်တာ ! အခုချက်ချင်း ထွက်ခဲ့ !!!"

ဒေါက် ဒေါက် ဒေါက် ***

"အခုချက်ချင်း ထွက်မလာရင် ကိုယ် တံခါးဖွင့်ပြီး ၀င်လာပြီ"

သည်ရက်ပိုင်း မူပျက်နေသည့်ကောင်လေးကြောင့် ဦးလွင် တစ်ခုခုကို ရိပ်မိစပြုလာလေ၏။ အိမ်သာသို့ တစ်ခါ တစ်ခါ ၀င်သွားလျှင် အကြာကြီးနေမှ ပြန်ထွက်လာတတ်သည့် ကောင်လေးကြောင့် ယခု ဦးလွင်က စောင့်ဖမ်းကာ တံခါးကိုခေါက်၍ ခေါ်နေခြင်းပင်။

အဟွတ် အဟွတ် အဟွတ် !

တံခါးခေါက်သံနှင့်အတူ ဦးလွင်၏ခေါ်သံကိုကြားလိုက်သည်ကြောင့် ဆေးလိပ်ဖွာနေသည့်ခန့်မှာ ချောင်းတဟွတ်ဟွတ်။

သူ သည်ရက်ပိုင်း ဦးလွင်မသိအောင် ဆေးလိပ်သောက်နေသည်မှာ ငါးရက်‌တောင်ရှိလာလေပြီ။တစ်နေကုန် အများကြီးသောက်တာမျိုးမဟုတ်ပေမဲ့ တစ်နေ့ နှစ်လိပ်လောက်မှ မသောက်ရရင် ခံတွင်းချဉ်သလိုခံစားနေရ၍ မကောင်းမှန်း သိသိလျက် စိတ်အလိုလိုက်ကာ ဆက်သောက်မိနေခြင်း။

"ဦး ... ဦးလွင်! "

တံခါးခေါက်သံကြားသည်နှင့် ဆေးလိပ်မီးကို ငြှိမ်းသတ်ကာ လက်စဖျောက်လိုက်ပေမဲ့ မမီတော့။  သော့ဖွင့်ကာ ချက်ချင်း၀င်လာသည့် ဦးလွင်ကြောင့် ခန့်မှာ မျက်ကလူးဆံပြာ။ မွှန်ထူနေသည့် အငွေ့တွေကြား ဦးလွင်က သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်နေလေပြီ။

"လက်ဆေးပြီး ချက်ချင်းထွက်ခဲ့"

"ဟုတ် ... ဟုတ်ကဲ့"

ဘေစင်တွင် ခန့် လက်ကို ဆပ်ပြာဖြင့် ဆေးလိုက်ပြီး တစ်သျှူးဖြင့်သုတ်ကာ ကုတင်ပေါ်မှ ခြေထောက်ကိုအောက်ချ၍ထိုင်နေသည့် ယောက်ျားဖြစ်သူ၏ရှေ့မှောက်သို့ အရောက်သွားရ၏။

ခန့် ဦးလွင်ရှေ့တွင် လက်‌ကလေးနှစ်ဖက်ကို ရှေ့တွင်ယှက်လျက် ခပ်ရို့ရို့လေးရပ်ကာ ဦးလွင်ကိုကြည့်မိတော့ ဦးလွင်က ခန့်ကို တော်တော်ဒေါသထွက်နေသည့် မျက်လုံးတို့ဖြင့် စိုက်ကြည့်နေလျက်။

ဦးလွင်ကိုကြည့်ပြီး ခန့် ဦးလွင်က သူ့ကို စိတ်ပျက်သွားပြီလား ဟု တွေးမိသည်ကြောင့် သူ့ရင်ထဲ ၀မ်းနည်းမှုက လှိုက်တက်လာရ၏။ ယခုလို စိတ်ပျက်နေသည့် အကြည့်မျိုးဖြင့်ကြည့်ခြင်းကို သူ တစ်ခါမှ မခံရဖူးပါပေ။ ဦးလွင်က သူ့ကို အလုပ်နှင့် လုံး၀မအပ်စပ်သည့် ဆေးလိပ်သောက်ခြင်းကိုမှ ရွေးလုပ်မိသည်ကြောင့် စိတ်ပျက်နေသည်ထင်ပါရဲ့။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now