Ep- 86

393 33 0
                                    


"ဦးလွင် ... သားတို့ ညှိနှိုင်းရအောင်"

"ဘာမှမနှိုင်းဘူး ...လှည့်"

ခန့် သူ့ကိုတောင် မကြည့်ဘဲ ပြောနေသည့် ဦးလွင်ကို စိတ်ကောက်ပစ်ချင်ပါသည်။

"ဟင့် ..."

ဒုန်း ***

"အာ့!!!"

"ထွန်းခန့်သော်တာ !!!"

ခန့်က သူ ညှိနှိုင်းရအောင် ဟု ပြောနေပါသော်လည်း လက်မခံဘဲ အလုပ်သာလုပ်နေသည့် ဦးလွင်ကြောင့် နံရံဘက်သို့ ပြန်လှည့်လိုက်ပြီး နံရံနှင့် နဖူး ဆောင့်လိုက်ခြင်းဖြစ်သည်။

ဒုန်းခနဲ အသံ ကြားလိုက်၍ ဦးလွင် ခန့်အား ချက်ချင်းလှမ်းကြည့်လိုက်ရာ နဖူးကို လက်နှစ်ဖက်ဖြင့် အုပ်၍ ထိုင်ချလိုက်သည့်ကလေးငယ်။

ထို့နောက် ဦးလွင် သူ့ကလေးငယ်ဆီသို့ အပြေးသွားကာ ပွေ့ချီ၍ ပြောလိုက်၏။

"ခန့်ငယ် လက်ဖယ်စမ်း၊ ဘာဖြစ်သွားသေးလဲ"

"အီးဟီး ... နာတယ်"

ကျစ် !!!

ဦးလွင် ခန့်အား ပွေ့လာပြီး ဆိုဖာခုံပေါ်သို့ ချပေးလိုက်ရင်း ထပ်ပြောလိုက်သည်။

"ထွန်းခန့်သော်တာ ဘာလုပ်တာလဲ ဟမ်! ၊ ငါမင်းကို ကိုင်ပေါက်မိတော့မယ်နော်"

"အင့် ... နာ ... နာနေပါတယ်ဆို"

သဘောကတော့ သူနာနေလို့ မဆူပါနဲ့ဟူ၍ပင်။

ဘယ်လိုပဲဖြစ်ဖြစ် ယခုလို စိတ်လိုက်မာန်ပါ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တာမျိုးကိုတော့ ဦးလွင် စိတ်တိုရပါ၏။

"လက်ဖယ်၊ ပြဦး ကိုယ့်ကို"

ဦးလွင် ကလေးငယ်၏ လက်ကို အသာ ဆွဲဖယ်၍ ကြည့်လိုက်ရာ နဖူးတွင် ဘုတစ်လုံးက နေရာယူလျက်။

"ဘုထ'သွားပြီလေ ခန့်ငယ်ရာ၊ ခေါင်းမူးနေလား၊ ခဏလှဲနေဦး ကိုယ် တဘက်သွားယူမလို့၊ နော်"

"ဟုတ် ... မမူးပါဘူး၊ အင့် နာပဲ နာတာရယ်"

"ထွန်းခန့်သော်တာတို့က ငါ့ကို လူဆိုးဇာတ် သွင်းလိုက်ရမှ နေသာထိုင်သာရှိတာ ..."

ဦးလွင် တဘက် နှင့် လိမ်းဆေး သွားယူရင်း ထိုသို့ ရေရွတ်ကာအော်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ချက်ချင်းပင် ခန့်အနားသို့ ပြန်ရောက်လာပြီး ခန့်ခေါင်းရင်းဘက်တွင် ၀င်ထိုင်ကာ ခန့်ခေါင်းလေးအား သူ၏ ပေါင်ပေါ်တွင်တင်၍ ယူလာသည့် တဘက်လေးကို အာငွေ့ပေးကာ ခန့်နဖူးလေးဆီသို့ ကြပ်ထုပ်ထိုးပေးလိုက်၏။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now