အချပ်ပိုလက်ဆောင် အပိုင်း ၆ Unicode

1.1K 105 27
                                    


"မိုးသောက် !!! ၊ မင်း ငါ့ကို လိမ်လို့ ၀ပြီလား"

"ဟင် ! ၊ အစ် ... အစ်ကို ပြန်ရောက်နေတာလား"

***မဟုတ်မှ အစ်ကို အခု သူ့ကို အိမ်ကနေ ဖုန်းဆက်နေတာလား***

"ဘာ!!!"

ထိုက်စံ ဒေါသထွက်နေသော်လည်း ဘေးတွင် ဆရာရှိနေသည်ကြောင့် ခပ်ကြိတ်ကြိတ်သာ အံကြိတ်သံဖြင့် အော်နေခြင်း။

"ဗျာ ... "

"ငါ မင်းကို ပြန်လာပြီလို့ဖုန်းဆက်တာ ဘယ်နှနာရီကလဲ"

"အဲ့တာ ... ည ရှစ်နာရီလောက်ကပါ"

"အေး၊ မင်းက ငါ့ကိုလိမ်ပေမဲ့ ငါက မင်းကို မလိမ်ဘူး မိုးသောက်၊ ငါ အခု ကားပေါ်မှာ"

ခရီးက ဆယ်နာရီလောက် ကြာမြင့်မည်ဖြစ်သည်ကြောင့် ထိုက်စံထွက်လာသည့်အချိန်အရဆိုလျှင် နံနက် ခြောက်နာရီလောက်မှသာ ပြန်ရောက်မည်ဖြစ်ပေသည်။ ‌လေယာဉ်ဖြင့်သာဆို ခရီးချိန် မြန်ပါသော်လည်း ဦးလွင်က အသွားတွင် ထိုလမ်းကြောင်းပေါ်ရှိ နေရာ သုံးနေရာလောက်ကို ၀င်ရဦးမည်မို့ ကားဖြင့်သာ သွားဖြစ်ခဲ့ကြခြင်း။

"အဲ့တာဆို မေမေက အစ်ကို့ဆီ ဖုန်းဆက်တိုင်တာပေါ့"

မိုးသောက်စိတ်ထဲ မေမေ့ကို အကြီးကြီးစိတ်ကောက်ပစ်မည်ဟုပါ တစ်ဆက်တည်း တွေးလိုက်မိတော့၏။

"မေမေစိတ်ပူနေတယ်၊ ပြန်တော့မိုးသောက်၊ ဆယ့်တစ်တောင်ခွဲနေပြီလေ"

"မေမေကလည်း ဘာစိတ်ပူစရာရှိတာကျလို့ ကျွန်တော် သေချာပြောခဲ့တာကို၊ ပြီးတော့ ဒီလမ်းထိပ်တင်ပဲလေ"

"လူကြီးပါဆို မိုးချုပ်နေတော့ စိတ်ပူတာပေါ့ မိုးသောက်ရ၊ အစ်ကိုလည်း စိတ်ပူတယ်"

"ကျွန်တော်ကြည့်ချင်သေးတယ်"

"အခု ပြန်မှာလား၊ မပြန်ဘူးလား"

"မပြန်ဘူး အစ်ကိုရာ၊ ကျွန်တော် ကြည့်ဦးမှာ"

"ကျစ် ! မိုးသောက်!!"

"ပွဲပြီးရင်ပြန်လိုက်မယ်ဗျာ၊ ဒါပဲအစ်ကိုရာ"

မိုးသောက် စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကို ချပစ်လိုက်ပြီး ဆိုင်ထဲပြန်၀င်ကာ ဒုတိယပိုင်း စနေပြီဖြစ်သည့် ဘောလုံးပွဲဆီသို့ အာရုံပို့ထားလိုက်တော့သည်။ အစ်ကို ထပ်ခေါ်လာသည့် ဖုန်းကိုလည်း သူ လက်မခံတော့။ လမ်းထိပ်တင်ကို စိတ်ပူစရာမရှိ ကြံဖန်စိတ်ပူနေကြသည့် လူကြီးတွေကို သူ စိတ်ကောက်ပါ၏။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now