Ep- 103 Zawgyi

451 37 0
                                    

"မေမေ ခေါ်နေတယ်"

"အင်း၊ ကိုကိုသွားလိုက်မယ်၊ ညီမလေးက မျက်ရည်တွေ သုတ်ပြီးမှ လိုက်ခဲ့နော်"

"ဟုတ်ကဲ့ ... "

"မေမေ၊ သက်သာရဲ့လား၊ ဘာလုပ်ပေးရမလဲ၊ သားတို့ကြောင့် နိုးသွားတာလားဟင်"

မိုးသောက် အခန်းထဲ ရောက်ရောက်ချင်း မိခင်ဖြစ်သူလှဲနေသည့်ဘေး ကိုယ်တစ်ခြမ်းစောင်းလေး ၀င်ထိုင်လိုက်ရင်း နဖူးလေးကိုစမ်းကာ မေးလိုက်ခြင်းပင်ဖြစ်သည်။

"မဟုတ်ပါဘူး သားရယ်၊ မေမေ အိပ်ကိုမအိပ်သေးတာ၊ မေမေ သက်သာပါတယ်"

"မေမေ၊ သမီးရောက်ပြီ၊ ဘာလုပ်ပေးရမလဲဟင်"

ဒေါ်မိုးပွင့်ဖြူ စကားအဆုံး မိုးစက် ရောက်လာပြီး မေးလိုက်ခြင်းဖြစ်သည်။

"သမီး ကျောင်းသွားရင် သွားလို့ ပြောမလို့၊ မေမေ လည်းသက်သာပါပြီ"

"မသွားပါဘူးနော်၊ မေ့မေ့ကို စိတ်မချပါဘူး၊ ကိုကိုကလည်း ခွင့်တိုင်ပေးပြီးသွားပြီရယ်၊ ပြီးတော့ စာတွေလည်း ကူကျက်ပေးမယ်တဲ့၊ အဲ့တာကြောင့် မေမေက သမီးကို အားမနာနဲ့နော်"

ပြောမရမည့်အဆုံးတော့ ဒေါ်မိုးပွင့်ဖြူ ခေါင်းသာ ညိတ်ပြလိုက်တော့သည်။

တီ တီ ***

"သား သွားတော့လေ၊ ဟွန်းသံကြားတယ် အိမ်ရှေ့မှာ သားကြီးရောက်နေပြီထင်တယ်"

"ဟုတ် မေမေ၊ သား သွားတော့မယ်နော်၊ အငယ်မ မေမေ့ကို ဂရုစိုက်နော်၊ လိုအပ်ရင် ကိုကို့ကို ဖုန်းချက်ချင်းဆက်၊ ကိုကို စိတ်ချမယ်နော်"

"စိတ်ချပါ ကိုကိုရယ်၊ သွားတော့နော် ဟိုက စောင့်နေတာ ကြာရင် အားနာစရာကြီး"

"အင်း ... အပြန်ကျ ကိုကို မုန့်ဝယ်ခဲ့မယ်၊ သွားပြီ တာ့တာ့"

မိုးသောက် နှုတ်ဆက်ပြီးနောက် အိမ်ရှေ့ထွက်လာခဲ့တော့သည်။ အစ်ကိုက ကားတံခါးတစ်ဖက်ကိုဖွင့်လျက် သူ့ကို အသင့်စောင့်နေလေ၏။

"အစ်ကို ... ကျွန်တော်ရောက်ပြီ"

"အင်း တက် ... ဘာလို့ကြာနေတာလဲ"

ထိုက်စံက သွားလေးဖြီးပြ၍ ကားပေါ်တက်လာသည့် ကောင်လေးကို ခါးပတ်ပတ်ပေးရင်း မေးလိုက်ခြင်းပင်။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now