Ep- 122 Zawgyi

224 34 0
                                    

ယနေ့က December လသို့ ရောက်ရှိလာပြီဖြစ်ပြီး ခန့်၏ Solo Concert စတင်သည့်နေ့ဖြစ်ပေသည်။ Concert အား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့သုံးမြို့တွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့က နေပြည်တော်တွင် စတင်ကျင်းပခြင်းဖြစ်ပါ၏။ ပရိတ်သတ်ဦးရေ 30,000 ဆံ့သည့် နေပြည်တော် ဘောလုံးကွင်းထဲတွင် Concert ကျင်းပခြင်းဖြစ်ပြီး တစ်ပတ်ကြိုတင်ရောင်းချခဲ့သည့် လက်မှတ်များသည်လည်း 3 minutes အတွင်း sold out ခဲ့ခြင်းဖြစ်ပေသည်။

ခန့်တို့က နေပြည်တော်သို့ လွန်ခဲ့သည့် သုံးရက်လောက်ကတည်းက ကြိုလာဖြစ်ကြပြီး ခန့်နှင့်အတူ ဦးလွင်ပါ လိုက်လာခဲ့ပေးပါ၏။ ထို့အပြင် ဂျာကြီးပါမက ခန့်သူငယ်ချင်း သုံးယောက်ပါ လိုက်ခဲ့ကြခြင်းဖြစ်ပေသည်။

ပွဲတွင်တော့ ခန့်က သူထွက်ရှိထားခဲ့ပြီးသည့် Album နှစ်‌ချပ်ထဲမှ သီချင်းများအပြင် pageတွင် မတင်ရသေးသည့် သီချင်းအသစ်များကိုပါ သီဆိုခဲ့ပါ၏။

"အဟင့် ... ဦးလွင်"

ဒုတိယပိုင်း ပြီးသည်နှင့် ထုံးစံအတိုင်း ဦးလွင်က ခန့်ကို အ၀တ်လဲကူရန် နားနေခန်းတွင် ရှိနေခြင်းဖြစ်ရာ ငိုမဲ့မဲ့ဖြင့် ၀င်လာသည့် ကလေးငယ်အား ပွေ့ဖက်ပေးလိုက်တော့သည်။

Concert အား အပိုင်းသုံးပိုင်း ခွဲ၍ ဖျော်ဖြေမည်ဖြစ်ပြီး တစ်ပိုင်းပြီးလျှင် ဆယ့်ငါးမိနစ်လောက်နားရပါ၏။ ထိုသို့ သီဆိုနေရင်း ဒုတိယပိုင်း ပြီးခါနီးအချိန်တွင် ခန့် သီချင်းဆိုနေရင်း အနည်းငယ် အမှားလုပ်လိုက်မိသည်ကြောင့် ခန့် ငိုမိခြင်းဖြစ်ပေသည်။

"ဘာလို့ငိုတာလဲ ခန့်ငယ်ရဲ့၊ ဘာမှမဖြစ်ဘူးလေ၊ အဲ့လောက်လေးက တကယ် ဘာမှမဖြစ်ဘူး၊ ခန့်ငယ် ချက်ချင်း ပြန်ထိန်းနိုင်လိုက်တယ်လေ၊ key က ချော်ထွက်မသွားဘဲ ၀င်ပါတယ် ခန့်ငယ်ရဲ့၊ တိတ်နော်၊ မငိုရဘူး"

"အဟင့် ... သားက အကောင်းဆုံးဖြစ်ချင်ခဲ့တာ"

"အခုလည်း အကောင်းဆုံးဖြစ်တယ်လေ ခန့်ငယ်ရဲ့၊ တိတ်တော့နော်"

ဦးလွင်က ကျောပြင်လေးကို ပွတ်ပေးရင်း ပြောနေပါသော်လည်း ရင်ခွင်ထဲက ကလေးငယ်ကတော့ ရှိုက်ငိုနေဆဲ။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now