Ep- 64

384 33 0
                                    


"နောက်ဆုံးမေးခွန်းအနေနဲ့ အခု ဒီနေရာကို ရောက်လာတဲ့အပေါ် ခံစားချက်နဲ့ ကျေးဇူးတင်စကားလေး ပြောပြပေးပါခင်ဗျာ"

"ဒီနေရာမှာ ရှိနေနိုင်တာအတွက် ပထမဆုံး မွေးဖွားပေးခဲ့တဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပြီး ဂါရဝပြုပါတယ်ခင်ဗျာ၊ လောကကြီးထဲက ထွက်သွားခဲ့ပြီဖြစ်တဲ့ အဖေနဲ့အမေက အခု အတူတူရှိနေကြပြီး ကျွန်တော့်ကို ကြည့်ပြီးတော့ ဂုဏ်ယူနေကြမယ်လို့ယုံကြည်ပါတယ်"

ခန့် ခေါင်းလေးမော့ကာ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်၍ ကျချင်နေသည့်မျက်ရည်တို့ကို ထိန်းလိုက်ပြီးမှ ဆက်ဖြေလိုက်၏။

"ပြီးတော့ အခုလက်ရှိ ကျွန်တော့်ရဲ့ အုပ်ထိန်းသူလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ Mahar Entertainment ရဲ့ ဥက္ကဌ ဦးလွင်မဟာမြတ်ကိုလည်း ကျေးဇူးတင်ပြီး ဂါရဝပြုပါတယ်ခင်ဗျာ၊ ဆရာက ကျွန်တော် အခု ဒီနေရာမှာ ရှိနေနိုင်ခြင်းရဲ့ အဓိက အရင်းအမြစ်ပါပဲ၊ လွန်ခဲ့တဲ့ လေးလလောက်က ကျွန်တော် accident တစ်ခုကြောင့် စကားမပြောနိုင်တော့ဘူး ဖြစ်သွားခဲ့ရတယ်၊ အဲ့ကာလ တစ်လျှောက်လုံး ဆရာက ကျွန်တော့်ကို လိုလေးသေးမရှိ အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးခဲ့တယ်၊ ဆရာ့ကြောင့်ပဲ ကျွန်တော် စကားပြန်ပြောလာနိုင်ပြီး သီချင်းတွေ ပြန်ဆိုနိုင်ခဲ့တာပါ၊ ဆရာ့ကို ကျွန်တော် အများကြီးကျေးဇူးတင်ပြီး အမြဲတမ်း ချစ်ခင်လေးစားသွားမှာပါ၊ ပြီးတော့ နိုင်ငံရပ်ခြားမှာ ရှိနေပေမယ့် ကျွန်တော့်ကို အမြဲ video call နဲ့ အားပေးတတ်တဲ့ ဆရာ့ daddyကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ"

ထို့နောက် ခန့် ဦးလွင်ရှိရာဘက် မျက်နှာမူ မတ်တတ်ရပ်၍ ကိုယ်ကို ကိုင်းညွတ်ကာ အရိုအသေပြုလိုက်သည်ကြောင့် ဦးလွင် ပြုံးလျက် ခေါင်းညိတ်ပြလာတော့သည်။ ခန့် ကိုယ်ကို ပြန်မတ်ပြီး ဦးလွင်အား ပြန်ပြုံးပြ၍ နေရာတွင် ပြန်ဝင်ထိုင်လိုက်ပြီး ဆက်ဖြေလိုက်သည်။

"နောက်ပြီး ကျွန်တော့်မိဘနှစ်ပါး ဆုံးပါးသွားတဲ့အချိန် ကျွန်တော့်ကို တစ်နှစ်ပတ်လုံး အလုပ်တစ်နေရာပေးပြီး စောင့်ရှောက်ပေးခဲ့တဲ့ ဦးလေး ဦးထွဋ်ကိုကို ကို ဒီနေရာကနေ ကျေးဇူးတင်ပြီး ဂါရဝပြုပါတယ်ခင်ဗျာ၊ ပြီးတော့ ကောင်းအတူ၊ ဆိုးအတူ ကျွန်တော်နဲ့ အမြဲ အတူရှိပေးခဲ့ကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်"

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now