တောက် !!!
ဒုန်း
ထိုက်စံ မိုးသောက်ပါးပြင်ကိုကြည့်ရင်း တောက်တစ်ချက်ခေါက်ကာ တံခါးကို လက်သီးဖြင့် ထိုးချလိုက်ခြင်း။
"အစ်ကို့ !!!"
မိုးသောက် မျက်စိစုံမှိတ်ထားရင်း တံခါးကို လက်သီးဖြင့်ထိုးလိုက်သည့် အသံကြောင့် သူ့ခန္ဓာကိုယ်လေးတောင် တုန်တက်သွားရသည်။
"ဖယ်၊ ငါ့ကိုလာမထိနဲ့"
မိုးသောက် အစ်ကို့လက်ကလေးကို ဆွဲယူကြည့်လိုက်တော့ အစ်ကိုက သူ့လက်ကို ခါထုတ်လိုက်ပြီး ကုတင်ပေါ် ခြေထောက်ချိတ်လျက် သွားထိုင်နေ၏။
"အစ်ကို ဆေးထည့်မှရမယ်၊ မတော်လို့ အရိုးတွေ၊ အဆစ်တွေ ကျိုးကုန်ရင် ဘယ်လိုလုပ်မလဲ၊အင့် ... အစ်ကိုစိတ်တိုတာ ကျွန်တော့်ကိုမလား၊ ကျွန်တော့်ကိုပဲ လုပ်လေ"
မိုးသောက် ကုတင်ပေါ်ထိုင်နေ သည့် အစ်ကို့ကိုကြည့်ရင်း မျက်ရည်တို့ကျလျက်ပြောတော့ အစ်ကိုက သူ့ကို မျက်မှောင်ကြုတ်လျက်သာကြည့်နေလေသည်။ အစ်ကိုက သူ့ကို မလုပ်ရက်လို့ရော၊ သူ့ပါးကို ရိုက်လိုက်မိသည်ကြောင့်ပါ သူ့ကိုယ်သူ နာကျင်အောင်လုပ်လိုက်သည်ဆိုတာကိုတော့ မိုးသောက် အတတ်သိပါ၏။
"လာခဲ့ ငါ့ရှေ့ကို"
"အစ်ကို့ကို ကျွန်တော် ဆေးလိမ်းပေးမှာ၊ ဆေးလိမ်းပြီးမှ ဆူချင်ဆူ ၊ ရိုက်ချင်ရိုက်၊ အစ်ကို့သဘော"
ဆေးသေတ္တာယူနေသည့် မိုးသောက်ကို ထိုက်စံ လှမ်းခေါ်လိုက်သည်ကြောင့် မိုးသောက် ဆေးသေတ္တာကိုယူလျက် အစ်ကိုရှေ့သွားကာ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး ဆေးသေတ္တာကို ကုတင်ပေါ်တင်ရင်း ပြောလိုက်ခြင်း။ အစ်ကို့လက်ကို အသာဆွဲယူလိုက်ပြီး လက်ဖမိုး၊ လက်အဆစ်တို့နှင့် လက်ချောင်းတစ်ချောင်းချင်းစီတို့ကို ဒဏ်ကြေဆေးလိမ်းပေးတော့ အစောကလို ခါထုတ်မပစ်ဘဲ ငြိမ်နေပေး၏။
"ပြီးသွားပြီ"
ဆေးလိမ်းပေးပြီးသည်နှင့် ဆေးဘူးကို ဆေးသေတ္တာထဲထည့်ရင်းပြောကာ ဆေးသေတ္တာကို နေရာတကျ ပြန်သိမ်းပြီးနောက် မိုးသောက် အစ်ကို့ရှေ့ လက်ကလေးနှစ်ဖက်ကိုယှက်လျက် ခေါင်းလေးငုံ့ကာ ရပ်နေလိုက်၏။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...