ဂျာကြီးကို နှုတ်ဆက်ပြီးသည်နှင့် ခန့်လည်း ချစ်ရသူကြီးအတွက် သံပရာရည် လက်စွမ်းပြရန် ထမင်းစားဆောင်ဘက်သို့ ချီတက်လိုက်တော့သည်။"ပြောတော့ မိုးသောက်၊ ဘာကိစ္စရှိလို့လဲ"
ဦးလွင်က မိုးသောက် ဝင်ဝင်လာချင်း ခန့်ကို တွေ့လိုက်၍ တွန့်သွားသည်ကို ရိပ်မိလိုက်သည်ကြောင့် ကလေးငယ်အား သံပရာရည် ဖျော်ပေးရန် သေချာ အကူအညီတောင်းလိုက်ခြင်းပင်။ ကော်ဖီဆိုလျှင် ရုံးခန်းထဲတွင် အဆင့်သင့် ရှိနေသည်ကြောင့် သံပရာရည်သာ သောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ ဆရာ၊ ဒါလေး ..."
မိုးသောက် ခန့်ပေးထားသည့် စာအိတ်လေးကို ဦးလွင်မဟာမြတ်၏ စားပွဲပေါ်တွင် တင်ရင်း ပြောလိုက်သည့်ကြောင့် ဦးလွင် ဆက်ပြောဟူသည့်သဘောဖြင့် မိုးသောက်အား မေးငေါ့ပြလိုက်၏။
"Moon က ကျွန်တော် လစာဖြတ်ခံရမယ်ကြားလို့ စိတ်မကောင်းဖြစ်နေတယ်ထင်တယ်ဆရာ၊ အဲ့တာ ကျွန်တော့်ကို 200,000တောင် ပေးလာလို့၊ ကျွန်တော် ဆရာ့ဆီ လာပြန်အပ်တာပါ"
"ယူထားလိုက်လို့ရတယ်"
"ဗျာ ဆရာ၊ ကျွန်တော် မယူ ..."
"ယူထားလိုက် မိုးသောက်"
"ဟုတ် ... ဟုတ်ကဲ့"
ဆရာက စားပွဲပေါ်မှ စာအိတ်လေးအား ယူ၍ မိုးသောက်ဆီ ပြန်ကမ်းပေးနေသည်ကြောင့် သူလည်း လက်နှစ်ဖက်ဖြင့် ပြန်ယူထားလိုက်၏။ စာအိတ် မိုးသောက် လက်ထဲသို့ရောက်မှ ဦးလွင်လည်း စကားဆက်ပြောလိုက်သည်။
"ခန့်ငယ်က သူ့ A/C ထဲ လစာဝင်ကတည်းက ဘယ်သူ့အတွက် ဘယ်လောက်ဆိုပြီး ကိုယ့်ရှေ့တင် ခွဲတန်းချနေတာ၊ အဲ့တာကြောင့် မိုးသောက်က ဒါကို လက်ခံထားလိုက်လို့ရတယ်လို့ ကိုယ်ကပြောတာ"
"ဟုတ်ကဲ့၊ ကျွန်တော် ဆရာ့ကိုရော Moon ကိုပါ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ"
"အင်း ... ရတယ်"
"ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦးခင်ဗျာ့"
မိုးသောက် နှုတ်ဆက်ပြီးသည်နှင့် ဆရာက ခေါင်းတစ်ချက် ညိတ်ပြလာသည်ကြောင့် မိုးသောက်လည်း ဆရာ့အား အရိုအသေပေးကာ ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...