"ဦးလွင် ပြန်ရောက်လာပြီ ... သားကို အိတ်ပေးနော်"ခန့် သူငယ်ချင်း သုံးယောက် ပြန်ပြန်ချင်းပင် ဦးလွင်လည်း ပြန်ရောက်လာသည်ကြောင့် ခန့် ဦးလွင်ဆီသို့ ခုန်ပေါက်ပြီး မသွားရုံတမယ် ခပ်သွက်သွက်လေး သွားလိုက်၏။
"အင်း ... ရော့ ၊ ခန့်ငယ်ရဲ့ သူငယ်ချင်းတွေကို လမ်းထိပ်မှာ တွေ့လို့ ကိုယ် စက်ဘီး ဖြည်းဖြည်းနင်းဖို့တောင် ပြောလိုက်သေးတယ် ... ဟင် လက်က ဘာဖြစ်ထားတာတုန်း ရဲနေတာပဲ ခန့်ငယ်ရာ"
ဦးလွင် ကားပေါ်မှဆင်းပြီး ကလေးငယ်အား အိတ်လှမ်းပေးလိုက်ရာ လက်နှစ်ဖက်ဖြင့် လှမ်းယူလာသည့် ကလေးငယ်၏ ဘယ်ဘက်လက်ဖျံသည် အနည်းငယ် ရဲနေသည်မို့ ဦးလွင် မေးလိုက်ခြင်းပင်။
ပုံမှန်ဆိုလျှင် ဦးလွင် ကားပေါ်ကနေဆင်းမှ ကားဆရာ အောင်ဇော်က ကားအား ဂိုထောင်ထဲသိမ်းကာ ကားသော့အား မမျိုးဆီသို့ အပ်၍ အိမ်ပြန် အလုပ်ဆင်းခြင်း ဖြစ်ပါ၏။ ကားသော့ကိုတော့ မမျိုးကသာ အိမ်ထဲရှိ တိုင်တွင် ချိတ်ပေးထားရခြင်းဖြစ်သည်။ ယခုတွင်တော့ ခန့်အတွက် မွေးနေ့လက်ဆောင်သွားယူရန် အပြင်ထပ်ထွက်ရဦးမည်ဖြစ်သဖြင့် ဦးအောင်ဇော် ကားမသိမ်းသေးဘဲ ကားပေါ်တွင်သာ ထိုင်စောင့်နေခြင်းဖြစ်သည်။ ဦးလွင်က အိမ်ထဲခေါ်သော်လည်း ခဏပဲမို့ ရပါတယ်ဟုဆိုကာ သူ လိုက်မ၀င်ဖြစ်တော့ပါပေ။
"ဟီး အဲ့တာလား ... "
"အွန်း"
"သား သူငယ်ချင်းတွေနဲ့ ဆော့ထားတာ"
ခန့် လက်တစ်ဖက်က အိတ်ကိုကိုင်ကာ ကျန်လက်တစ်ဖက်က ဦးလွင်၏ လက်မောင်းကိုချိတ်၍ ဦးလွင်၏ပခုံးပေါ်သို့ ခေါင်းလေးမှီတင်ပြီး အိမ်ထဲသို့ လမ်းလျှောက်ဝင်ရင်း ပြန်ဖြေလိုက်တော့၏။
"ဘယ်လိုဆော့လို့ ဒီလိုဖြစ်တာလဲ ရှင်းရှင်းပြောလေကွာ"
ဦးလွင် သူ့ပခုံးပေါ်မှ စိမ်းညို့ညို့ ခေါင်းလုံးလုံးလေးအား ခပ်ဖွဖွပွတ်သပ်၍ ပြောလိုက်ခြင်းဖြစ်သည်။
"သားတို့ နေ့လယ်က ပျင်းလို့ ဒိုးဇက်ဆော့ကြတာ၊ အဲ့တာ နိုင်တဲ့သူက ရှုံးတဲ့သူတွေရဲ့ လက်ဖျံကို ရိုက်ကြေးလေ၊ အဲ့တာကြောင့် ... ဟီး သားပဲမဟုတ်ဘူးရယ်၊ သူတို့လည်း ရဲတွတ်လို့ သိလား ဟီးဟီး"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...