Ep- 89

402 32 0
                                    


နံနက်ရောက်ချိန်တွင်တော့ ခန့်က ဦးလွင်ထက်စော၍ အရင်နိုးလာသည်ကြောင့် ဦးလွင် နိုးမသွားအောင် သူ ဖြည်းဖြည်းချင်းထ'ကာ အောက်ဆင်း၍ တံခါးတို့ အရင် ဖွင့်လိုက်၏။ ထို့နောက် ဦးလေးကောင်းနှင့် အန်တီမျိုးလည်း အလုပ်ဆင်းရန် ရောက်လာပြီဖြစ်၍ သူ့အခန်း သူ သွားကာ ရေချိုးခြင်းအမှု ပြုလိုက်တော့သည်။

ရေချိုးပြီးချိန်တွင်တော့ ခန့်က အင်္ကျီအဖြူလက်ရှည်လေးအား နက်ပြာရောင် ပုဆိုးလေးဖြင့် တွဲဖက်ဝတ်ဆင်ကာ ဦးလွင်အတွက် ဝယ်ပေးထားသည့် နာရီနှင့် ဆင်တူဖြစ်သည့် နာရီကို ပတ်ကာ ချစ်ရသူကြီးဆီသို့ သွားလိုက်တော့သည်။

ခန့် ဦးလွင် အခန်းသို့ ရောက်ချိန်တွင်တော့ ဦးလွင်က မနိုးသေးပေ။ လူ အရမ်းရှုပ်မည်စိုး၍ ဘုရားသို့ စောစောလေး သွားချင်သည့် ခန့်က ဦးလွင်ကိုလည်း မနှိုးရက် ဖြစ်နေသည်ကြောင့် ခုံပုလေးယူကာ ကုတင်ဘေးတွင် ချ၍ ထိုင်လိုက်ပြီး ကုတင်ပေါ် လက်နှစ်ဖက်ဖြင့် မေးလေးထောက်ကာ အိပ်နေသူကို ပြုံးပြုံးလေး ထိုင်ကြည့်နေမိ၏။ ထို့နောက် ခန့် အသဲယားစွာ အိပ်နေသူ၏ နဖူးနှင့် ပါးပြင်ထက်သို့ ခပ်ဖွဖွ နမ်းလိုက်မိတော့သည်။

"ခန့်ငယ်၊ ဘယ်အချိန်ကတည်းက နိုးနေတာလဲ၊ ရေတောင်ချိုးပြီးပြီပေါ့၊ ကိုယ့်ကိုတော့ တစ်ခါတည်း မနှိုးလိုက်ဘူး"

ဦးလွင်၏ အသံဩဩလေးက ယခုတော့ အိပ်ရာနိုးကာစမို့ အက်ရှရှလေး ဖြစ်နေလေ၏။ ခန့်က ဦးလွင်၏ထိုအသံကို သိပ်သဘောကျသည်လေ။

"ဦးလွင် အိပ်နေတာလေး ကြည့်ကောင်းလို့ သားက ထိုင်ကြည့်နေတာ၊ ဟီး ... အခုတောင် သားကြောင့် ဦးလွင် နိုးသွားရပြီ၊ နိုးနိုးချင်း တန်းမထနဲ့ဦးလေ ဦးလွင်ကလည်း ခဏ လှဲနေဦးနော်၊ ပြီးရင် သား ထူပေးမယ်"

ခန့် စကားပြောနေရင်း ဦးလွင် ထရန် ပြင်နေသည်ကြောင့် ခန့် တားလိုက်ခြင်းပင်။

"နောက်ကျနေမှာစိုးလို့ပါ"

"နောက်မကျပါဘူးဗျာ့၊ အစောကြီးရှိသေးတာကို"

"ဟုတ်ပါပြီဗျာ"

သုံးမိနစ်ခန့်လောက် ကြာပြီးချိန်တွင်တော့ ခန့် မတ်တတ်ရပ်လိုက်ကာ လက်နှစ်ဖက်ကို ဦးလွင်ဆီသို့ ဆန့်တန်းပေးလာသည်ကြောင့် ဦးလွင်လည်း ခန့်လက်ကလေးကို ဆွဲ၍ အိပ်ရာထလိုက်၏။ ထို့နောက် ကုတင်ပေါ်မှဆင်းကာ ခန့်ကို သေချာကြည့်ရင်း ပြောလိုက်တော့သည်။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now