Ep- 112 Zawgyi

350 36 0
                                    


ခဏအကြာတွင်တော့ ကားလေးက နှိုင်းတို့အိမ်ရှေ့ ရောက်လာပြီဖြစ်သည်ကြောင့် ခန့် ခြံထဲသို့ ၀င်သွားလိုက်၏။ ဂျာကြီးကတော့ ကား စက်မရပ်သေးဘဲ ကားပေါ်တွင်သာ ထိုင်စောင့်နေခဲ့တော့သည်။

"အန်တီ နှိုင်းရှိလားဗျာ့"

ခန့် အိမ်ရှေ့ရောက်ရောက်ချင်း နှိုင်း၏မိခင်ကို တွေ့လိုက်သည်ကြောင့် မေးလိုက်ခြင်းပင်။

"အေး သား သော်တာ လာ၊ ရှိတယ်လေ သားရဲ့ သူ့အခန်းထဲမှာ"

"ဟုတ်ကဲ့၊ ကျွန်တော်တို့ အစောက အန်တီ့ဆီ ဖုန်းဆက်သေးတယ်ဗျာ့၊ အန်တီက ဖုန်းမကိုင်လို့"

"ဪ အေး၊ အန်တီက ဟင်းချက်နေလို့ ဖုန်းနဲ့လူ မကပ်ဘူးဖြစ်သွားတာ၊ ဘာဖြစ်လို့လဲ သား"

"ဘာမှမဖြစ်ပါဘူးဗျာ့၊ ကျွန်တော်က နှိုင်းနဲ့တွေ့ဖို့ပြောထားတာ သူက ဖုန်းမကိုင်လို့ အိမ်မှာရှိရဲ့လားလို့ အန်တီ့ဆီ ဖုန်းဆက်ကြည့်တာပါ"

"အေး အေး သား ၀င်သွားလိုက်လေ၊ သားသူငယ်ချင်း အခန်းထဲမှာရှိတယ်"

"ဟုတ်ကဲ့ အန်တီ"

ဒေါက် ဒေါက် ဒေါက် ***

"နှိုင်း ငါလာတယ်၊ မင်း အိပ်ပျော်နေလား ... နှိုင်းရေ ... "

ဒေါက် ဒေါက် ဒေါက် ***

"အင်း ... သော်ကြီး၊ ၀င်ခဲ့လေ၊ ငါ လော့မချထားဘူး"

အားရပါးရ ငိုပြီးသည်နှင့် နှိုင်း ကုတင်ပေါ်တွင် ကွေးကွေးလေး ငြိမ်နေတုန်း သော်တာ့အသံကြားလိုက်ရသည်ကြောင့် သူ လှမ်းအော်ပြောရင်း ကုတင်ပေါ်မှ အားယူကာ ထရပ်လိုက်၏။

"အင့် သော်ကြီး ... အီးးးးဟီးးးးးး"

အခန်းတံခါးဖွင့်ကာဝင်လာသည့် သူငယ်ချင်းဖြစ်သူကို တွေ့တွေ့ချင်း နှိုင်း သွားဖက်၍ ငိုချလိုက်မိတော့၏။ သူ မငိုမိဖို့ ကြိုးစာထိန်းပါသော်လည်း ၀မ်းနည်းသည့်စိတ်က လှိုက်တက်လာသည်မို့ ခန့်ကို ဖက်ကာ ထပ်ငိုမိလိုက်ခြင်းပင်။

"အင်း ... နှိုင်း ၊ ငိုလိုက်နော်၊ မင်းစိတ်ထဲ ပေါ့သွားတဲ့အထိ အားရပါးရငိုချလိုက်၊ ငါ မင်းဘေးနားမှာ ရှိနေပေးမယ်"

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now