ထို post တင်အပြီး post အောက်မှ comment များသည်တော့ -*ဟာ ငါသူ့ကိုသိတယ်၊ ငါတို့မေဂျာကလေ၊ သူ Welcome ပွဲတွေမှာ သီချင်းဆိုတာ သိပ်ကောင်းတာ၊ အားပေးနေမယ် မေဂျာတူ အဆင်လေးရေ*
*@May Thu @Shin @Yamin ဟိတ်တို့ရေ ငါတို့အခန်းထဲက အဆင်လေးဟ*
*ကမ္ဘာပတ်နေတဲ့ ငါ့နှာခေါင်းလေး မြန်မာနိုင်ငံ ပြန်ရောက်လာပြီဟေ့*
*ငါတော့ မွန်းရဲ့ကြယ်လေးအဖြစ်ပဲနေတော့မယ်*
*အသံလေး ကြားဖူးချင်လို့ သူကျောင်းပွဲမှာ သီချင်းဆိုတယ်ဆို အဲ့သီချင်းဆိုထားတာလေး vdရိုက်ထားရင် တင်ပေးကြပါရှင်*
*အမေရေ သမီးတော့ အချစ်ကို ထပ်ရှာတွေ့ပြန်ပြီ အူးဝါး*
*Album ထွက်မယ့်နေ့ကို မစောင့်နိုင်တော့ဘူး၊ ဒီလိုချောချောလေးဆီက အသံလေးကိုလည်း ကြားချင်နေမိပြီ*
*Wowww ဒီလို အဆင်လေးမှ မစတန်းရရင် ငါ fan girl မလုပ်တော့ဘူး*
*အမလေး ဒါလေးကတော့ ငါ့အပိုင်ပဲ အီးဟီး*
*အများကြီး အောင်မြင်ပါစေ၊ အားပေးနေမယ်နော်၊ ဖိုက်တင်းးးး*
*အမလေး အသက် (၁၈)နှစ်တဲ့ Noonaရဲ့ ကလေးလေးပဲ လုပ်တော့နော်*
*Role model က CEOကြီးတဲ့၊ ငါတော့ သင်္ဘောကြီး စ'ထွက်တော့မယ်၊ ဟားဟား"
ထိုကဲ့သို့ပင် မန့်များ ပလူပျံနေတော့၏။
Shareသည့်သူများမှာလည်း မနည်းပေ။"ဦးလွင် ဟိုလေ၊ သားနဲ့ သူငယ်ချင်းတွေကို သြင်္ကန်တွင်း တစ်နေရာရာ ပို့ပေးပါ့လားဟင်၊ သား ကျောင်းပိတ်တုန်းလေး သူငယ်ချင်းတွေနဲ့ ခရီးထွက်ချင်လို့၊ ဟီး"
ခန့် ဦးလွင်၏ အလုပ်စားပွဲဘေးတွင် ထိုင်၍ ဦးလွင်၏ဖုန်းဖြင့် ခန့် profile မိတ်ဆက် post အောက်မှ Comment များအား ဖတ်နေရင်း ဦးလွင်အား လှည့်ပြောလိုက်ခြင်းဖြစ်သည်။
"အင်း ... ခန့် သွားချင်တဲ့နေရာ၊ စဉ်းစားထားတဲ့နေရာ ရှိလား"
"သား မန္တလေးတော့ သွားချင်တယ် ဦးလွင်၊ မန္တလေး သြင်္ကန် တစ်ခါမှ မလည်ဖူးဘူး"
"အွန်း ... အဆင်ပြေတယ်၊ ကိုယ်လိုက်ပို့ပေးမယ်၊ မန္တလေးမှာလည်း ကိုယ် အိမ်တစ်လုံးရှိတယ် ၊ အဲ့မှာနေကြတာပေါ့"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...