Ep- 100 Zawgyi

474 38 6
                                    

"ထွန်း ခန့် သော် တာ၊ မထဘူးဆိုတာ သေချာပြီလား!"

မေးနေသည်ကို မဖြေနိုင်သေးသည့်ကလေးငယ်က ဒူးထောက်လျက်ပင် ငိုရင်း ခေါင်းကို ငုံချကာ ရမ်းခါနေသည်ကြောင့် ဦးလွင်ကပဲ စကားဆက်ပြောလိုက်သည်။

"အေး မထနဲ့၊ ငါက ထလို့ ပြောနေတုန်း မထတဲ့မင်း၊ အဲ့အတိုင်းဒူးထောက်နေ၊ နောက်ထပ် ငါ ထလို့ မပြောမချင်း ထဖို့စိတ်မကူးနဲ့"

"အင့် ..."

"ထိုက်စံနဲ့ မိုးသောက် အခု သွားရောင်းတော့"

"ဟုတ်ကဲ့ ဆရာ"

ခန့် အစ်ကိုထိုက်စံနှင့် ဂျာကြီးအား မရောင်းပေးဖို့ မေတ္တာရပ်ခံသည့် အကြည့်လေးဖြင့် လှမ်းကြည့်လိုက်ပါသော်လည်း အစ်ကိုနှစ်ယောက်က သူ့အား ဘာမှမတတ်နိုင်၍ စိတ်မကောင်းနေသည့် အကြည့်တို့ဖြင့်သာ ပြန်ကြည့်၍ ရုံးခန်းထဲမှ ထွက်သွားကြတော့၏။

"နှိုင်း၊ စွမ်းပြည့် နဲ့ သူရ တို့လည်း အိမ်ပြန်ကြတော့၊ ကိုယ်မှာလိုက်တာတွေ မမေ့နဲ့၊ မပြီးရင် တကယ် ထပ်နာမယ်ဆိုတာ သိတယ်နော်၊ အခုလည်း စက်ဘီး ဖြည်းဖြည်းနင်းသွားကြ"

"ဟို ... ဟုတ်ကဲ့၊ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်ဗျာ့၊ သော်တာ ငါတို့သွားပြီနော်"

စွမ်းပြည့်က ငိုနေသည့် သူငယ်ချင်း ခန့်ကို စိတ်မချ၍ မပြန်ချင်သေးသော်လည်း နှိုင်း၏ မျက်နှာရိပ်၊ မျက်နှာကဲကြောင့် ပြန်ဖို့သာ ဆုံးဖြတ်ကာ ခန့်ကိုပါ တစ်ခါတည်း နှုတ်ဆက်လိုက်၏။ ဦးလွင် နှင့် ခန့် နှစ်ယောက်တည်း ပြောစရာစကားတို့လည်း ရှိနေလိမ့်မည်ဖြစ်သည်‌ကြောင့်ပင်။

ခန့် သူ့ကို နှုတ်ဆက်နေကြသည့် သူငယ်ချင်း ဖြစ်သူတို့ကို ခေါင်းလေးသာ ညိတ်ပြလိုက်တော့သည်။ ထို့နောက် ခန့်သူငယ်ချင်း သုံးယောက်လည်း အိမ်ပြန်ကြတော့၏။

ခန့်သူငယ်ချင်း သုံးယောက် ပြန်သွားချိန်တွင်တော့ ဦးလွင်က သူ့ အလုပ်စားပွဲဆီသို့ ပြန်သွားကာ အကြည့်အလုံးစုံကို ကွန်ပျူတာဆီသို့သာ ပို့ထားလိုက်လေသည်။

.............................................................

"အစ်ကို ၊ ဘာ ... ဘာလုပ်မလို့လဲဟင်"

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now