ကျေးဇူးတင်လွှာ ✨ (2023.12.20)

183 34 4
                                    


အရင်ဆုံး Ongoing လိုက်ပေးခဲ့ကြတဲ့ Reader nim တို့ကိုရော ၊ အခုမှ ဖတ်မယ့် Reader nim တို့ကိုပါ အန်က ကျေးဇူးတင်ပါတယ်‌နော် ။ ဦးလွင်နဲ့ ခန့်ငယ်ကိုရော side couple လေးတွေကိုပါ ရင်ထဲ နေရာတစ်နေရာပေးခဲ့ကြတဲ့သူတို့ကို အန်က အများကြီး ကျေးဇူးတင်ပြီး ချစ်ရပါတယ်ရှင် ။ ဒီရပ်ဝန်းလေးမှာ ဒီလို ဆုံတွေ့ခွင့်ရကြတာလည်း အန့်အတွက်တော့ ရေစက်လှလှလေးပါပဲရှင် ✨😘

Marriage life ဖတ်ချင်တဲ့သူလေးတွေအတွက် အန် Season 2 စီစဉ်ပေးဖြစ်မယ် ထင်ပါတယ်။ သေချာရင် ထပ်ပြောပါ့မယ်နော်။ လောလောဆယ်တော့ အန် နားဦးမလို့ပါ။ K Drama အကြွေးကျန်တာလေးတွေ ကြည့်လိုက်ပါဦးမယ်လို့ ❤️✨

ထပ်ပြီး ကျေးဇူးတင်ချင်တာက စီနီယာ Author nim တို့ကိုပါ။ သူတို့ရဲ့ စာလေးတွေကို မဖတ်ဖြစ်ခဲ့ရင် အန်လည်း ဒီဇာတ်လမ်းလေးကို ရေးဖြစ်ခဲ့မှာမဟုတ်ပါဘူး။ အဲ့လိုဆို အန့်ဘ၀မှာ မြတ်နိုးဖွယ်ရာ ဇာတ်ကောင်လေးတွေကိုလည်း ဖန်တီးဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် စီနီယာတစ်ယောက်ချင်းစီတိုင်းကိုလည်း အန် ဒီကနေ ဂါရ၀ပြုရင်း ကျေးဇူးတင်ကြောင်းပြောပါရစေရှင် 🤍✨

ဒီ "အောင်မြင်ခြင်းဆီသို့" လေးက အန့်ရဲ့ ပထမဆုံးလက်ရာလေးဆိုတော့ သေချာပေါက် လိုအပ်ချက်လေးတွေ ရှိနေမှာပါ။ အဲ့တာတောင် နားလည်ပေးပြီး အတူရှိနေပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အများကြီး တန်ဖိုးထားတယ်နော်။ အစ၊ အလယ်၊ အဆုံး အတူရှိပေးတဲ့၊ အတူရှိပေးမယ့် တစ်ယောက်ချင်းစီတိုင်းကို အများကြီးချစ်ပါတယ်။ ထပ်ပြီး အန်က အများကြီး ကြိုးစားပါဦးမယ်လို့ ပြောရင်း ကျေးဇူးတင်လွှာလေးကို အဆုံးသတ်ပါရစေရှင် 💌✨

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now