"ဦးလွင် ~"ဦးလွင်၏ ကားက ခြံထဲ၀င်လာပြီး အိမ်ရှေ့တွင်ရပ်သည်ကြောင့် ခရီးမှ ပြန်လာသည့် ဦးလွင်ကို ဒန်းလေးပေါ် ထိုင်စောင့်နေသည့်ခန့်က အပြေးလေးသွားရင်း ကားတံခါးဖွင့်ပေးကာ ခေါ်လိုက်သော်လည်း ဦးလွင်က သူ့ကို တစ်ချက်သာလှည့်ကြည့်ပြီး ဘာမှ ပြန်မပြော။
"အောင်ဇော် အိမ်ထဲ ဝင်ဦးလေ"
ထိုက်စံကို ပို့ပေးခဲ့ပြီးသည်နှင့် အကူကားဆရာကိုပါ ပြန်ပို့ပေးခဲ့သည်ကြောင့် ယခု ဦးလွင်အိမ်သို့လာရာတွင်တော့ ဦးလွင်နှင့် သူ၏ Driver ဦးအောင်ဇော် နှစ်ယောက်တည်းသာ။
"မ၀င်တော့ဘူးဆရာ၊ ဟိုမှာ သူငယ်ချင်းက လာကြိုပေးလို့ လိုက်သွားပါတော့မယ်"
"အဲ့တာဆို သွားလိုက်တော့လေ"
"ဟို ဆရာဆင်းရင် ကားတစ်ခါတည်း သိမ်းပေးခဲ့မို့ပါ"
"ရတယ် ထားခဲ့"
"ဟုတ်ကဲ့ဆရာ၊ အဲ့လိုဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
"အင်း"
ဆရာ့ မျက်နှာရိပ်မျက်နှာကဲ နှင့် ဆရာ့အမျိုးသား၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်သည်နှင့် နှစ်ယောက်ကြားက လေထုကို ရိပ်မိလိုက်သည်ကြောင့် ကားဆရာဦးအောင်ဇော်တစ်ယောက် ခရီးဆောင်အိတ်ကိုယူလျက် လစ်ပြေးသည်မှာ တစ်ချိုးတည်း။
"ကားသိမ်းလိုက် ခန့်ငယ်"
ဦးလွင်က ခန့်ကို ထိုသို့သာပြောပြီး အိမ်ထဲတန်း၀င်သွားတော့သည်။ ခန့်လည်း ကား parkingထိုးကာ ဦးလွင်၏ အိတ်ကိုယူလျက် အိမ်ထဲ၀င်လာတော့ ဦးလွင်က အောက်ထပ်တွင် ရှိမနေတော့ချေ။ ထို့ကြောင့် ခန့်လည်း ဦးလွင်ရှိနေမည့် သူတို့အခန်းဆီသို့သာ ဦးတည်သွားလိုက်၏။
အခန်းရှေ့ရောက်သည်နှင့် ခန့် အခန်းတံခါးကို သုံးချက်တိတိ ခေါက်၍ အခန်းထဲသို့ ၀င်သွားတော့ ဦးလွင်က ကုတင်ခေါင်းရင်းတွင် ခေါင်းအုံးကိုထောင်လျက် မှီထိုင်နေပြီး မျက်စိအစုံကိုလည်း ခပ်ဖွဖွပိတ်ထားသေး၏။ ခန့်၀င်လာသည်ကိုတော့ မသိနိုင်စရာမရှိ။ သို့ပေသိ ခန့်ကိုလည်း လှည့်ကြည့်မလာပေ။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...