"ထွန်းခန့်သော်တာ! အခုချက်ချင်း ဧည့်ခန်းထဲလိုက်ခဲ့"ဦးလွင်မဟာမြတ် သူ့ရှေ့မှ အငိုမရပ်သည့် ကလေးငယ်နှင့် စကားသေချာပြောရန် လိုအပ်နေပြီဖြစ်သဖြင့် ခန့်အား ဧည့်ခန်းထဲလိုက်ခဲ့ရန်ပြောပြီး လှည့်အထွက် ဦးမြင့်မြတ်ရှိန်း လက်မောင်းမှ ဆွဲခေါ်ထားသည်ကြောင့် ထိုနေရာတွင်ပဲ ရှိနေတော့၏။ ကလေးငယ်ကလည်း မလှုပ်မယှက် မတ်တတ်ရပ်၍ ရှိုက်လျက်သား။
"ကဲ ဒယ်ဒီပြောမယ်လို့ ပြောနေတယ်လေ၊ ဒယ်ဒီ့စကားကို နားမထောင်တော့ဘူးလား!"
ဖြောင်း!!!
"အခု ပြန်ထိုင်"
ထမင်းကို ပြီးအောင်မစားသည့် နှစ်ယောက်ကြောင့် ဦးမြင့်မြတ်ရှိန်းလည်း စိတ်တိုကာ သားဖြစ်သူ၏ ဘယ်ဘက်လက်မောင်းအား သူ့ညာလက်ဝါးဖြင့် ရိုက်လိုက်မိတော့၏။
ဒယ်ဒီ့ဆီမှ အရိုက်ခံလိုက်ရသည့် ဦးလွင်လည်း ထမင်းစားပွဲတွင် ပြန်ထိုင်၍ ခန့်ကိုသာ စိုက်ကြည့်နေလိုက်သည်။
"အင့် ... ဦးလွင်ဒယ်ဒီ၊ ဦးလွင်ကို မရိုက်ပါနဲ့ ... အင့် အပြစ်ရှိတာ သားပါ၊ အဟင့်"
"အေး၊ အခု ထမင်းပြီးအောင်စား၊ Moon ထမင်းမကုန်ရင် Moonရဲ့ဦးလွင်ကို ဒယ်ဒီ ထပ်ရိုက်မှာ"
ထိုအခါမှ ငိုနေသည့်ကလေးငယ်က မျက်ရည်တို့ကိုသုတ်၍ ထမင်းထိုင်စားနေတော့၏။
"ခန့်ငယ် ... လိုက်ခဲ့"
သုံးယောက်သား ထမင်းစားပြီးချိန်တွင်တော့ ထမင်းပန်းကန်များအား သိမ်းနေသည့် ခန့်ငယ်အား ဦးလွင်ခေါ်ကာ ဧည့်ခန်းရှိ ဆိုဖာခုံတွင် ထိုင်နေလိုက်၏။ သို့ဖြစ်၍ ဦးလွင်ဒယ်ဒီလည်း ဦးလွင်နှင့် မျက်နှာချင်းဆိုင် ဆိုဖာခုံတွင် ၀င်ထိုင်ရတော့၏။ သားဖြစ်သူ ပွဲကြမ်းလျှင် သူ ၀င်ဆွဲရန် အသင့်ရှိနေရခြင်းပင်။
"ခန့်ငယ် ကိုယ့်ဒေါသကိုသိတယ်နော်၊ ပြော အခု ခန့်ငယ် ဘာဖြစ်နေသလဲဆိုတာကို"
ဆိုဖာခုံတွင် ထိုင်နေသည့် ဦးလွင်ရှေ့တွင် မတ်တတ်ရပ်၊ လက်ပိုက်ကာ ငိုနေသည့် ကလေးငယ်အား ဦးလွင် မျက်မှောင်ကျုံ့၍ကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည်။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...