သည်နေ့လေးကတော့ ခန့်၏ အသက် ဆယ့်ကိုးနှစ်ပြည့်မွေးနေ့လေးဖြစ်ပါ၏။ ထပ်ဖြည့်ပြောရမည်ဆိုလျှင် ဦးလွင်နှင့် ခန့်၏ ချစ်သူသက်တမ်း တစ်နှစ်ပြည့်သည့်နေ့လေးပင်။
တနင်္လာနေ့ဖြစ်သည့်အပြင် ပြိုင်ပွဲ ပဉ္စမပတ်ဖြစ်သည်ကြောင့် မအားလပ်သည့် ဦးလွင်နှင့် ရိုက်ကူးရေးတစ်ဖက် ၊ အသံသွင်းခြင်းတစ်ဖက် ၊ လက်ခံထားသည့် ကြော်ငြာများအတွက် စီစဉ်ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်နေရသည်က တစ်ဖက် ဖြစ်နေသည့် ခန့်တို့ နှစ်ယောက်ကတော့ Anniversary နေ့လေးတောင် တစ်နေကုန် ကပ်ခွင့်မရဖြစ်ခဲ့ရပါ၏။
ယခု အလုပ်အပြီးသတ်ပြီး ညအချိန်ရောက်မှသာ နှစ်ယောက်သားက အေးအေးဆေးဆေး ချိန်းတွေ့ဖြစ်ကြပါ၏။ ချိန်းတွေ့ကြသည့် နေရာကတော့ အိမ်၏ အပေါ်ဆုံးထပ် လသာဆောင်တွင်ပင်။
အလှဆင်ထားသည့် ပြာလဲ့လဲ့ မီးရောင်လေးအောက်ရှိ စားပွဲခုံပေါ်တွင် ဝိုင်ပုလင်းနှင့်အတူ မျက်နှာချင်းဆိုင် ထိုင်နေကြသည့် ကာယကံရှင်ဇာတ်လိုက်နှစ်ဦး၏ရှေ့တွင်တော့ ဝိုင်ခွက်တစ်ခွက်စီက နေရာယူလျက်။ ဝိုင်ခွက်ဘေးတွင်တော့ ပါစတာ တစ်ပွဲစီနှင့် Steak ကအဖော်ပြုပေးနေခြင်းပင်။
တကယ်ကို ရိုးရိုးရှင်းရှင်းလေးသာ ပြင်ဆင်ထားခြင်း။
ယနေ့အတွက်တော့ ခန့်က ဦးလွင်၏ ခွင့်ပြုချက်ဖြင့် ဦးလွင်နှင့်အတူ ဝိုင်သောက်ခွင့်ရမည်ဖြစ်ပါ၏။ ထို့ကြောင့် ခန့် အကျေနပ်ကြီးကျေနပ်ကာ ကြိတ်ပျော်နေရပါသည်။ သို့ပေမဲ့ သူ အရက်သောက်ရမည်ကို ဦးလွင်ကို ရှေ့ထားပြီး သိသာအောင်တော့ မပျော်ပြရဲ။ သူ့ကိုယ်သူ ထိန်းရပါသေး၏။
"ခန့်ငယ် ~ ကိုယ်တောင်းပန်ပါတယ်၊ ဒီနေ့လေးက ကိုယ် ခန့်ငယ်ကို တစ်နေကုန်အချိန်ပေးသင့်တာမဟုတ်လား"
ဦးလွင်က ခန့်အတွက် steak ကိုလှီးပေးနေရင်း ခန့်ကိုကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ခန့်ကတော့ မျက်ခုံးတန်းလေးတို့ စုကျုံ့၍ အပေါ်နှုတ်ခမ်း နှင့် အောက်နှုတ်ခမ်းကို ခပ်ဖြည်းဖြည်း တင်းတင်းစေ့ပိတ်ကာ ဦးလွင်ကိုကြည့်လိုက်ပြီးမှ ပြန်ပြောလိုက်၏။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...