Ep- 104 Zawgyi

431 37 2
                                    

"ခန့်ငယ် ~~~"

"ဦးလွင် ~~~"

ဤသည်မှာတော့ ဦးလွင် နှင့် ခန့် တစ်ယောက်ကို ‌တစ်ယောက် အပြန်အလှန် တစ်ပြိုင်တည်း ခေါ်လိုက်ကြခြင်းဖြစ်သည်။ ယခု နှစ်ယောက်သားက ညစာ စားပြီး‌နောက် ဧည့်ခန်းတွင် ရှိနေကြပြီး ခန့်က ဦးလွင်ပခုံးပေါ်သို့ ခေါင်းလေးစောင်းတင်ထားပါ၏။ ထို့ကြောင့် ခန့်က ရယ်လိုက်ရင်း ဦးလွင်ကို မော့ကြည့်ကာ ပြောလိုက်တော့သည်။

"ဟီး၊ ဦးလွင် အရင်ပြောပါဗျာ့"

"ခန့်တို့ကျောင်းက သင်္ချာမေဂျာရဲ့ welcome ပွဲအတွက် ခန့်ကို သီချင်းဆိုပေးစေချင်လို့ ကိုယ့်ဆီ လာခွင့်တောင်းသွားကြတယ်"

ဦးလွင်က သူ့ပခုံးပေါ်မှ ကလေးငယ်အား ငုံ့ကြည့်နေရင်း ကလေးငယ်၏ နဖူးပေါ်တွင် အုပ်နေသည့် ဆံပင်လေးများကို လက်ဖြင့်သပ်ပေးကာ ပြောလိုက်ခြင်းဖြစ်သည်။

"သားလည်း အဲ့တာ ပြောမလို့ရယ်၊ မနက်တုန်းက ဌာနမှူးက သားကို ခေါ်ပြောတာ၊ သားက သားတစ်ယောက်တည်း ဆုံးဖြတ်လို့ မရကြောင်း သေချာ ရှင်းပြလိုက်တာရယ်၊ အဲ့တာကြောင့် ဦးလွင်ဆီ ရောက်လာတာနေမှာ"

ခန့် ဦးလွင်ပခုံးပေါ် ခေါင်းလေး စောင်းတင်ထားရာမှ ခေါင်းပြန်ထောင်‌လိုက်ပြီး သေသေချာချာလေးထိုင်ကာ ပြောလိုက်ခြင်းပင်။

"အင်း သူတို့က ခန့်ကို အဖွင့်သီချင်းအနေနဲ့ 'ဂျပ်ဆင်ထိပ်က လရိပ်ပြာ' ကို ဆိုစေချင်ပြီး အပိတ်သီချင်းကိုတော့ 'အဓိပတိလမ်းက ခြေရာများ' ကို ဆိုစေချင်တယ်တဲ့၊ ခန့်ငယ် မဆင်ပြေမလား၊ ကိုယ် အကြောင်းပြန်ပေးမယ်ပဲ ပြောထားတယ်၊ ခန့်ငယ်အဆင်ပြေမှ လက်ခံမှာ၊ အဲ့အတွက် ခန့်ငယ် အချိန်ပေးနိုင်လား"

"ဟုတ်ကဲ့ဦးလွင်၊ သား လုပ်ကြည့်ချင်တယ်၊ ကျောင်းမှာ အလုပ်သဘောမျိုး လုပ်ကြည့်ရမှာဆိုတော့လေ သား လက်ခံချင်တယ်"

"အင်း ... မနက်ကျ ကိုယ် အကြောင်းပြန်လိုက်မယ်၊ ခန့်ငယ် တီဗွီကြည့်ဦးမှာလား၊ မကြည့်တော့ဘူးဆိုရင် တရားနာပြီး အိပ်ကြစို့လေ"

"သား အဲ့သီချင်းလေးနှစ်ပုဒ်ကို  တစ်ခေါက်စီလောက် ပြန်နားထောင်ရင်းကြည့်မလို့၊ ဦးလွင် နားနှင့်လေ သား လိုက်ခဲ့လိုက်မယ်"

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now