Ep- 84

396 33 0
                                    


"ကိုယ့်ကို လွှတ်စမ်း၊ ထွန်းခန့်သော်တာ!!"

မင်းတွေ ငါတွေနဲ့ ဒေါသထွက်နေသည့် ချစ်ရသူကြီးဆီမှ ကိုယ် ဆိုသည့် အသုံးအနှုန်းလေးအား ပြန်ကြားလိုက်ရသည်ကြောင့် ခန့်တစ်ယောက် ဦးလွင်ပခုံးပေါ် မှောက်ငိုနေရင်းမှ ခိုးပြုံးလိုက်မိသေး၏။

"လွှတ်ရင် ဦးလွင် ရိုက်မှာပေါ့၊ သားက အများကြီး နာနေပြီလေ ၊ ဟင့် ..."

"အရိုက်ခံချင်လို့ အကြောတင်းခေါင်းမာပြနေတာလေ၊ ရိုက်ပေးရမှာပေါ့၊ မလွှတ်သေးဘူးလား၊ ၀မ်း ... ထု ... အွန့်  ..."

Two ကိုတောင် ပီပီသသအသံမထွက်လိုက်နိုင်သည်မှာ ထွန်းခန်းသော်တာတစ်ယောက်က ဦးလွင်၏ နှုတ်ခမ်းထက်သို့ သူ့နှုတ်ခမ်းတို့ဖြင့် ဦးလွင် ရေတွက်နေသည်ကို တားဆီးလိုက်ခြင်းကြောင့်ပင်။

"ဘာလုပ်တာတုန်း ... ၊ ကိုယ် ခန့်ငယ်ကို အပြစ်ပေးနေတာ မပြီးသေးဘူးနော်"

ခါးကို ဖက်ထားလျက်ပင် မျက်စိစုံမှိတ်ကာ လာနမ်းသည့် ကလေးငယ်ကြောင့် ဦးလွင် မျက်လုံးလေး ပြူးသွားတော့ပြီး ငါးစက္ကန့်လောက် အကြာတွင်တော့ ခေါင်းကို နောက်အနည်းငယ်ဆုတ်ကာ မေးလိုက်ခြင်းဖြစ်သည်။

"ဟို ... ဦးလွင် ရေတာ သရီးထိ ရောက်သွားရင် သားအတွက် ကောင်းတာမရှိဘူးလေ၊ အဲ့တာကြောင့် ... ဟီး ..."

"လွှတ် ၊ ပြန်လှည့်ပြီး လက်ပြန်ပိုက်ထားမယ်"

"ဟင့်အင်း ... သား အများကြီး နာနေပါပြီဆို"

"အခု လှည့်ပြီး လက်ပိုက်ရင် သုံးချက်ပဲ ထပ်ရိုက်မယ်၊ ပြီးတော့ အခု ခန့်ငယ်က ဘောင်းဘီပြန်မ၀တ်ရသေးဘူးနော်၊ ဒီအတိုင်း တစ်ညလုံး နေမလို့လား"

"ဟင်!!!"

ဘောင်းဘီမ၀တ်ရသေးသည့်အကြောင်းကိုတော့ ဦးလွင်က ခန့် နားလေးနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်ကြောင့် ခန့်တစ်ယောက် လန့်လည်းလန့်၊ ရှက်လည်းရှက်သွားတော့ပြီး မျက်နှာတစ်ခုလုံးနှင့် နားရွက်ဖျားလေးတို့ ခပ်ရဲရဲလေးဖြစ်သွားရတော့သည်။ ထို့နောက် ဦးလွင်ကို ဖက်ထားရာမှ အလျှင်အမြန်လွှတ်လိုက်ပြီး နံရံဘက်သို့ ပြန်လှည့်၍ လက်ကလေးပိုက်ထားလိုက်တော့သည်။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now