"ခန့်ငယ် ရိုက်ကူးရေးပြီးကတည်းက မနားသေးတာမလား၊ ခဏနားပါဦး ကိုယ့်ကလေးလေးရာ၊ လာပါဦး ကိုယ့်ဆီ၊ ကိုယ့်ကိုလည်း ကပ်ပါဦး"
ဦးလွင် အစည်းအဝေးအပြီး ရုံးခန်းထဲ ပြန်ဝင်လာရာ သူ့စားပွဲလေးပေါ် တကုတ်ကုတ်နှင့် သီချင်းရေးနေသည့် ကလေးငယ်ကို တွေ့လိုက်ရသည်ကြောင့် ဆိုဖာခုံတွင် ၀င်ထိုင်ကာ သူ့အနားလာရန် ခေါ်လိုက်ခြင်းဖြစ်သည်။
"ဟီး လာပြီဗျာ့၊ သားက ကပ်ချင်ပါတယ်၊ ဦးလွင်က အားမှ မအားတာကို"
"လာ အခု အားပြီ၊ ကပ်တော့"
"ဟုတ်ကဲ့"
ခန့်လည်း ထိုင်နေရာမှ ထလာပြီး ရုံးခန်းတံခါးကို ဟန်ပါပါ လော့ခ်သွားချကာ ဦးလွင်၏ ပေါင်ပေါ် တက်ထိုင်လိုက်၏။ ပြီးတော့ သူက ဦးလွင်အား ဖက်ကာ ပြောလိုက်တော့သည်။
"အား ... စွမ်းအားတွေ ပြည့်သွားသလိုပဲ၊ ဟီးးးး"
"ကိုယ်က စွမ်းအားရှင်ကြီးလား"
"ဟုတ်တယ်၊ သားအတွက်ပဲ"
သွားလေးဖြီးကာ ပြန်ပြောလာသည့် ကလေးငယ်အား ဦးလွင် ပြုံးကြည့်ကာ ပြန်ပြောလိုက်၏။
"ခန့်ငယ် စွမ်းအားပြည့်ပြီဆိုတော့ ကိုယ့်ကို အားပြန်ဖြည့်ပေးအလှည့်"
ဦးလွင်က ပြောပြီး နှုတ်ခမ်းလေးထော်လာပေးနေသည်ကြောင့် ခန့် ကိုယ့်အောက်နှုတ်ခမ်းကိုယ် အသာလေး တစ်ချက်ကိုက်လိုက်ပြီး ဦးလွင်နှုတ်ခမ်းထက်သို့ ခပ်ဖွဖွလေး ထိကပ်နမ်းရှိုက်လိုက်တော့၏။
"အား ... ကိုယ်လည်း စွမ်းအားတွေ ပြည့်သွားပြီ"
ခန့် နမ်းပြီးသည်နှင့် ဦးလွင်စကားအဆုံး နှစ်ယောက်သား ရယ်၍ ဖက်လိုက်ကြပြီးနောက်မှ ခန့်က ဦးလွင် ပေါင်ပေါ်မှ ဆင်း၍ ဦးလွင်ဘေးတွင် ၀င်ထိုင်လိုက်တော့သည်။
"နှိုင်းဝဏ္ဏရော အခြေအနေ ဘယ်လိုရှိလဲ"
"သူ သူ့ ဒယ်ဒီဆီကတော့ အရိုက်ခံထားရတယ်တဲ့၊ ကျန်တာတော့ အဆင်ပြေပါတယ်၊ သားဆီ ဒီနေ့ လေ့ကျင့်ထားတဲ့ video ပို့ပေးမယ်ပြောတယ်၊ ပို့ထားပြီးပြီထင်ပါတယ်၊ ခဏနေ သား ကြည့်ကြည့်လိုက်ဦးမယ်"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romans*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...