Ep- 82

382 33 0
                                    


"အစ်ကိုထိုက်စံ၊ ကျွန်တော့်ကိုကယ်ပါဦး၊ ဘယ်လိုလုပ်ရမလဲ"

တံခါးခေါက်သံ ပြုပြီးပြီးချင်း ရုံးခန်းထဲ အလောတကြီး ပြေးဝင်လာသည့် ကောင်လေးက လက်ထဲတွင် ဖုန်းလေးကိုင်လျက် စကားပြောရင်း ထိုက်စံ ဘေးသို့ရောက်လာသည်ကြောင့် ထိုက်စံ လုပ်လက်စ အလုပ်ကို ခဏရပ်ကာ အာရုံအလုံးစုံက မိုးသောက်ဆီသို့။

"ဘာဖြစ်လာလဲ ၊ မိုးသောက်"

"ဒီ ... ဒီမှာ ကြည့်ပါဦး အစ်ကို"

မိုးသောက် တုန်နေသည်သည့် လက်နှစ်ဖက်ဖြင့် ဖုန်းလေးကို လှမ်းပေးလိုက်သည်ကြောင့် ထိုက်စံက မိုးသောက်၏ မျက်နှာကိုသာ ကြည့်နေရင်း ဖုန်းကို ယူလိုက်ပြီးနောက် ဖုန်းကို ကြည့်လိုက်ချိန်တွင်တော့ -

... ဒါကို ကြည့်ကြပါဦး *** နားမှာ ငါ့မျက်စိမမှားရင် ဒါ သေချာပေါက် Moon ပဲ ဖြစ်ရမယ်
ဘေးက အဆင်လေးတွေကလည်း သူ့သူငယ်ချင်းတွေ ထင်တာပဲ
သူ shopping ထွက်လာတာလားမသိဘူး
သူ့ကြည့်ရတာ နည်းနည်းလောနေလို့ ငါ သွားမနှုတ်ဆက်လိုက်တော့တာ
သူ့မှာ အရေးကြီးကိစ္စ ရှိနေတယ် ထင်တာပဲ
ဒါနဲ့ မန်နေဂျာလည်း မပါဘဲ အပြင်ရောက်နေတာဆိုတော့ ငါတို့ Moonလေးက အပြင်ခိုးထွက်တာလားမသိဘူး ဟီးဟီး ...

ထိုသို့ရေးထားသည့် postတစ်ခုအား တွေ့လိုက်ရ၏။ post တင်သူက ထိုpostအား ခန့်နှင့် သူ့သူငယ်ချင်းများကို ခပ်လှမ်းလှမ်းမှ ရိုက်ထားသည့် ပုံဖြင့် တွဲတင်ထားခြင်းဖြစ်သည်။

ထို postအောက်တွင်တော့-

*အဲ့တာ သေချာပေါက် Moonပဲ သူဘယ်လောက် လုံခြုံအောင် ဖုံးထားထား ငါတို့က မှတ်မိတယ်*

*Moon မှ Moon အစစ် ပါဝါရိန်းဂျား အနက်ရောင်ကောင်လေးလုပ်ပြီး အပြင်ထွက်တာပေါ့လေ အူယားစရာလေးပါအေ*

ဤသို့ဖြင့် မန့်များ ဝိုင်းမန့်ထားကြပြီး တစ်ချို့လူတွေကတော့ -

*@Mahar Entertainment အလုပ်ကို သေချာမလုပ်ဘူးလား Moonကို မန်နေဂျာမပါဘဲ အပြင်လွှတ်တယ်ပေါ့ တစ်ခုခုဖြစ်သွားရင် တာဝန်ယူနိုင်လား*

*@Mahar Entertainment ကျေးဇူးပြုပြီး အလုပ်ကို သေချာလုပ်ပေးပါ၊ ငါတို့ရဲ့ Moon တစ်ခုခုဖြစ်လို့ကတော့ Entကို တရားစွဲပစ်မယ်*

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now