Ep- 121 Zawgyi ဟန်ထိုက်စံ 💙 မိုးသောက်

200 35 0
                                    


ထိုက်စံကတော့ မိုးသောက်ကို ပွေ့ချီထားရင်း တစ်ချက်မော့ကြည့်ကာ ပြုံးပြလာပြီး မိုးသောက်ကို စားပွဲပေါ် တင်ပေးလိုက်၏။ ထို့နောက် "ငြိမ်ငြိမ်ထိုင်နေ" ဟု ပြောသွားကာ ရုံးခန်းတံခါးကို လော့ခ်သွားချလိုက်လေ၏။ ပြီးမှ သူ့ဆီ ပြန်ရောက်လာပြီး ပြောလာသည်က - ...

"မိုးသောက် ~ ကိုယ်တို့ လက်ထပ်ကြအောင်၊ ကိုယ်က မင်းကို တစ်သက်လုံး တာဝန်ယူပေးမှာမို့ ကိုယ့်ကိုလည်း မင်းက တစ်သက်လုံး တာဝန်ယူပေးလို့ ဖြစ်တယ်မလား"

"အစ်ကို ~"

အစ်ကိုက စားပွဲပေါ်ထိုင်နေသည့် သူ့နား ရောက်လာကာ အိတ်ကပ်ထဲမှ လက်စွပ်ဘူးလေးကိုဖွင့်၍ လက်စွပ်တစ်ကွင်းယူကာ သူ့ကို စွပ်ပေးပြီး ပြောလာပြီးနောက် ကျန် လက်စွပ်တစ်ကွင်းကို သူ့လက်ထဲထည့်ကာ အစ်ကို့ကိုပါ စွပ်ပေးဟူသည့် သဘောဖြင့် သူ့ရှေ့ လက်ကလေး ထိုးပေးလာတော့သည်။

မိုးသောက်က သူတို့ မင်္ဂလာရက်တောင် ရွေးပြီးသွားပြီဖြစ်သဖြင့် သေချာပေါက် အစ်ကိုနှင့် လက်ထပ်ရမည်ကို သိထားပါသော်ငြား အစ်ကို့ဘက်က ဤကဲ့သို့ အပြုအမူကြောင့် သူ့ရင်ဘတ်တစ်ခုလုံးက နိမ့်ချည်၊ မြင့်ချည် ဖြစ်နေတော့သည်။ ချစ်ရတဲ့အစ်ကို့ကြောင့် သူ သိပ်ရင်ခုန်ရပါ၏။

"ကိုယ့်ကို လက်ထပ်ပါ ကောင်လေး"

"ဟုတ် ကျွန်တော် ကိုကို့ကိုပဲ လက်ထပ်မှာ"

မိုးသောက် ရင်ခုန်သံတွေ ကမောက်ကမ ဖြစ်လို့မှ မပြီးသေး အစ်ကိုက ထပ်ပြောလာသည်ကြောင့် မိုးသောက် ခေါင်းကို အထပ်ထပ်ညိတ်ရင်း လက်စွပ်လေးကိုယူကာ အစ်ကို့ကိုဝတ်ပေး၍ပြန်ပြောလိုက်ပြီးနောက် စားပွဲပေါ် ထိုင်လျက်ပင် အစ်ကို့လည်ဂုတ်လေးကို လှမ်းဖက်ထားလိုက်၏။

ထိုက်စံလည်း ဖက်လာသည့်ကောင်လေးကို အလိုက်သင့်လေး ပြန်ဖက်ထားလိုက်တော့သည်။ လက်ထပ်ခွင့်ကို တခမ်းတနားကြီး တောင်းခဲ့ခြင်းမဟုတ်သည်တောင် အများကြီး သဘောကျပေးသည့် ကောင်လေးကို သူ အများကြီး အချစ်ပိုရပါ၏။

ထို့နောက် သူက ကောင်လေးနှင့် မျက်နှာချင်းဆိုင် အနေအထား ပြန်ပြင်လိုက်ကာ သူ့ကောင်လေး၏ ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး မျက်လုံချင်း အကြည့်ချင်းဆုံကာ ပြောလိုက်ပါ၏။

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now