Off my face သီချင်း ပြီးဆုံးသွားချိန်တွင်တော့ မဲနှိုက်မည့် အစီအစဉ် စတင်မည်ဖြစ်သဖြင့် Presenter ဖြစ်သူ အေးချမ်းမင်းမောင်က မဲလိပ်ဘူးလေးအား ယူ၍ စင်ပေါ်သို့ တက်လာတော့သည်။ထို့နောက် ခန့်ကိုယ်တိုင် ပေါက်မဲ နံပါတ်များအား နှိုက်ယူရွေးချယ်ပေးလိုက်၏။ ပေါက်မဲ နံပါတ်များမှာ 90, 72, 99, 36, 01, 50, 63, 71, 09, 37 တို့ ဖြစ်ကြပါ၏။ ပွဲတက်ခွင့် ရသည့် အယောက် (၁၀၀)၏ ခုံနံပါတ်များထဲမှ ခုံနံပါတ်(၁၀)ခုအား မဲနှိုက်ပေးခြင်းဖြစ်သည်။
ထို မဲပေါက်သည့် နံပါတ်ပိုင်ရှင် ကံထူးရှင် (၁၀)ဦးသည် စင်ပေါ်တွင် ခန့်နှင့် တစ်ယောက်ချင်း Selfie အတူ ရိုက်ခွင့်ရမည်ဖြစ်သဖြင့် ယခု ထို (၁၀)ဦးသည် စင်ပေါ်သို့ တက်လာပြီး presenter အား သူတို့၏ နံပါတ်များကို ပြပြီးနောက် ခန့်နှင့်အတူ ဓါတ်ပုံ ရိုက်လိုက်ကြတော့သည်။
ဓါတ်ပုံရိုက်ခြင်း အစီအစဉ် ပြီးဆုံးချိန်တွင်တော့ ခန့်၏ Album ထဲမှ Never Give Up နှင့် Like a Sky နှစ်ပုဒ်အား သီဆိုဖျော်ဖြေ၍ သီချင်းဆိုခြင်း ကဏ္ဍအား အဆုံးသတ်လိုက်တော့၏။
စင်ပေါ်တွင် တောက်ပနေသော ခန့်၏ ထိုပုံရိပ်လေးများအား ပရိသတ်သတ်များက ဖုန်းများဖြင့် မှတ်တမ်းတင်ထားကြတော့သည်။ ထို ခန်းမအတွင်းရှိ တစ်စုံတစ်ယောက်သည်တော့ နှလုံးသားဖြင့် မှတ်တမ်းတင်ထားလိုက်မည်မှာ ဧကန်မလွဲပင်။
ထို့နောက်တွင်တော့ ယနေ့ပွဲ၏ နောက်ဆုံး အစီအစဉ်ဖြစ်သည့် ပွဲတက်ခွင့်ရသည့် အယောက်(၁၀၀)၏ Album တွင် ခန့် လက်မှတ်ရေးထိုးပေးကာ ပရိသတ်အား နှုတ်ဆက်၍ ဂရုတစိုက်ပြန်ကြရန် မှာပြီးနောက် ပွဲလေးလည်း အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားပြီဖြစ်ပါ၏။
ပွဲများ ဆက်နေသည့် ယနေ့၏ မင်းသားလေးသည်တော့ ည (၉) နာရီအချိန်၌ အိမ်တွင် မွေးနေ့ပွဲ ဆက်လက် ကျင်းပဦးမည်ဖြစ်ပါ၏။
အိမ်တွင် မွေးနေ့ပွဲ ကျင်းပမည်ဖြစ်သဖြင့် ယခုတွင်တော့ ကားကို ဦးလွင်၏ Driverမှ မောင်းလာပြီး ဦးလွင်၊ ခန့်နှင့်အတူ ခန့်သူငယ်ချင်း(၃)ယောက်တို့ လိုက်ပါလာကြ၏။
ပွဲတွင် ရှိနေသော Mahar Entertainment မှ staff များသည်တော့ ကုမ္ပဏီကားဖြင့် ဦးလွင်၏ အိမ်သို့ ဦးလွင်၏ ကားနောက်မှ တစ်ခါတည်း လိုက်လာကြတော့သည်။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...