421+422
အပိုင်း(၄၂၁) လောကသခင်မှ အမဲလိုက်ခြင်းMay 01, 2023
လောကသခင်သည် ဝေ့ဝူယင်နှင့် ကီလိုမီတာ ရာဂဏန်းခန့်သာ ကွာဝေးတော့၏။ ကံကောင်းထောက်မစွာပင် ဆုတ်ယုတ်မှု ရာသီကြောင့် သူမ၏ အမြန်နှုန်းက ခါတိုင်းလောက် မြန်ဆန်ခြင်း မရှိလှချေ။ ယခု ပြေးလွှားနေသည့် အမြန်နှုန်းအရဆိုလျှင် သူမမှာ ဝေ့ဝူယင် တည်ရှိနေသည့် နေရာကို နှစ်မိနစ် အတွင်း ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ စက္ကန့်အားဖြင့် ဆိုပါက တစ်ရာ့နှစ်ဆယ် စက္ကန့်တိတိပင်။ဟူး... ဟူး...
ကြယ်တာရာ ဝိညာဥ်များမှာ သူတို့၏ ကိုယ်ပိုင် စွမ်းအင်များကို အသိစိတ်ပင်လယ် အတွင်းသို့ အဆက်မပြတ် ပို့လွှတ်နေ၏။ ဧဒင်က အမျိုးမျိုး ကွဲပြားနေသည့် ထိုစွမ်းအင်များကို စုပ်ယူကာ စိတ်စွမ်းအင် အဖြစ် သန့်စင်လျှက် ဝေ့ဝူယင်ထံ ပြန်လည် ပေးပို့နေ၏။
“ ... “
သူတို့ အားလုံးမှာ တိတ်ဆိတ်နေကြ၏။ သို့သော်လည်း ဝေ့ဝူယင် အတွက် ကျန်ရှိသမျှ အချိန်က နှစ်မိနစ်မျှသာ ဖြစ်ကြောင်း သူတို့ သိကြပေသည်။ ထိုအချိန်အတွင်း အလင်းအားလုံး၏ မူလကို နားမလည်နိုင်ပါက အဖမ်းခံရခြင်း သို့မဟုတ် သေဆုံးခြင်း အထိပင် ဖြစ်သွားနိုင်ချေ ရှိပေသည်။
သုံးစက္ကန့်...
ခုနစ်စက္ကန့်...
နှစ်ဆယ့်သုံးစက္ကန့်...
အချိန်က ခပ်မြန်မြန်ပင် ရွေ့လျားနေ၏။ ဝေ့ဝူယင်ကတော့ နက်ရှိုင်းသည့် နားလည်မှု ဖြစ်စဥ်ထဲတွင် နစ်မြုပ်နေဆဲ ဖြစ်သည်။ သွေးများမှာ သူ့မျက်လုံး၊ နှာခေါင်းတို့မှ အဆက်မပြတ် စီးကျနေ၏။ ကံကောင်းထောက်မစွာပင် အနက်ရောင် မျက်လုံးများ အတွင်းရှိ ထိုးထွင်းသိမြင်မှု အလင်းတန်းကတော့ တစ်စတစ်စ ပိုမို တိုးလာနေခဲ့သည်။
အကယ်၍ ထိုအလင်းတန်းကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင်ကို အလောင်းတစ်လောင်းနှင့်ပင် မှားကောင်း မှားလိမ့်မည် ဖြစ်သည်။
“ငါတို့ အပြင်ကို ထွက်ဖို့ လိုတယ်...”
ခရာတိုက အော်ဟစ်လိုက်၏။ သူတို့နှင့် လောကသခင် အကြားရှိ အကွာအဝေးက ကီလိုမီတာ တစ်ရာအောက်ကိုပင် ကျရောက်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမက ဟင်းလင်းပြင် စွမ်းအင်ကို သုံးကာ ဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့မည် ဆိုလျှင် အချိန်က သာ၍ပင် ကျဥ်းမြောင်းသွားလိမ့်မည် ဖြစ်သည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Adventureအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...