အပိုင်း(၂၄၁) အိုရီ၏ တိုက်တွန်းမှု
သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးရှိ ထိုပြိုင်ဘက်ကင်း မိန်းမလှလေး အကြောင်းကို တွေးမိသော အခိုက်၌ သူ့နှလုံးသားက အနည်းငယ် ပူလောင်သွား၏။ အကယ်၍ သူမသာ သူ့အနားတွင် ရှိပါက ယခုလောက် ပျင်းရလိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သူတို့နှစ်ယောက် တစ်စုံတစ်ရာကို အတူတကွ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သွေးပန်းပဲဖို ဟင်းလင်းပြင် ဂိတ်တံခါးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ နဂါး သွေးမျိုးဆက် စွမ်းအားကလည်း ပြန်လည် ပြည့်ဝရန် အချိန်ယူရလိမ့်ဦးမည်။ ခက်သည်က ၎င်းအား ကူညီနိင်သည့် အဆင့်ရှစ် ဆေးမရှိခြင်းပင်။
အဂ္ဂိရတ် တာအို၌ အဆင့်ကိုး ဆေးလုံးများသာလျှင် သွေးမျိုးဆက် စွမ်းအားများ အပေါ်တွင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၌ အဆင့်ကိုး ဆေးလုံးကို ရရှိရန်အတွက် နည်းလမ်းတစ်ခုတည်းသာလျှင် ရှိသည်။ ကိုယ်တိုင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာရန်ပင်။ အကယ်၍ အဆင့်ကိုး အဆင့်နိမ့် ထာဝရ သွေးရင်းမြစ် ဆေးပြားကိုသာ ဖော်စပ်နိုင်ပါက သူ၏ နဂါး သွေးမျိုးဆက် စွမ်းအား ပြန်လည် ပြည့်ဖြိုးလာမှုမှာ အလွန် မြန်ဆန်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် အဆင့်ကိုး ဆေးလုံး ဖော်စပ်ရန်ကတော့... ဝေ့ဝူယင် ခေါင်းအား ခါလိုက်လိုက်၏။
“ပျင်းလိုက်တာကွာ...”
သူ နောက်တစ်ကြိမ် ရေရွတ်လိုက်မိပြန်သည်။ သူ တစ်ယောက်ယောက်နှင့် စကားပြောချင်သော်လည်း စုမေ့နှင့် ငွေရောင် ဝံပုလွေ ကျန်းဟိုင်မှာ အနန္တဧကရာဇ်ဂြိုဟ်တွင် ရှိမနေကြချေ။ ထို့နည်းတူစွာပင် ရှန်းလင်မှာ လုံထျန်းယုနှင့် အတူ တံခါးပိတ် ကျင့်ကြံနေသည်။
“ဘာလို့ မကြိုးစားပဲ အပျင်းကျနေတာလဲ...”
ရုတ်တရက် အိုရီ၏ အသံက သူ့စိတ်ထဲ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။
![](https://img.wattpad.com/cover/354976697-288-k637056.jpg)
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Aventurăအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...