321 - 325

94 14 0
                                    

အပိုင်း(၃၂၁) လင်းကျိရန်၏ လျှို့ဝှက်ချက်

ဝေ့ဝူယင် ကမ္ဘာ လေးခုကို တွေ့လိုက်ရ၏။ ထိုကမ္ဘာများထဲမှ တစ်ခုမှာ လွှမ်းမိုးချုပ်ကိုင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အဆုံးမရှိ ထက်ရှမှုတို့ဖြင့် ပြည့်နှက်နေကာ ၎င်း၏ ဖြစ်တည်မှုနှင့် ကိုက်ညီသော စည်းမျဉ်းများ၊ ဥပဒေများနှင့် ဖန်တီးထားသည်။  ထိုကမ္ဘာရှိ အရာအားလုံးမှာ တိကျသေချာကာ မူမမှန်မှု တစ်ခုတစ်လေမျှ မရှိ။ လုံဝ ပြီးပြည့်စုံသည်။

“ဘုရင်...”

အခြား ကမ္ဘာတစ်ခုမှာမူ ဒြပ်စင်ကိုးခုဖြင့် ပြည့်နှက်နေ၏။ အဖြူရောင် နေမင်း တစ်ခုမှာမူ ကိုးသွယ်သော ဒြပ်စင် မူလအလင်းများကို ထုတ်လွှတ်ကာ ကောင်းကင်တွင် ထွန်းလင်းနေသည်။ ထိုနေမင်းသည် ဖန်ဆင်းရှင် ဘုရားသခင် တစ်ပါး အလား အောက်ကမ္ဘာရှိ ဒြပ်စင်များကို အုပ်မိုး ကြည့်နေကာ အဆုံးမဲ့သော တည်ငြိမ် ခမ်းနားမှုကို သယ်ဆောင်ထားသည်။

“ခရာတို...”

ခပ်လှမ်းလှမ်းတွင် ဝေ့ဝူယင် အခြား ကမ္ဘာနှစ်ခုကိုလည်း တွေ့မြင်ရ၏။ တိကျ သေချာစွာပင် ၎င်းတို့မှာ ခရာတိုနှင့် ဧဒင်တို့ပင် ဖြစ်သည်။ 

ကောင်းကင်အုပ်စိုးသူ အဆင့် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော် အပြီး မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကို တက်လှမ်းစဥ် အခါက သူ ထိုကဲ့သို့ မြင်ကွင်မျိုးကို မြင်ခဲ့ဖူးသည်။ ထိုစဥ်က သူ၏ ဝိညာဥ်မှာ လေးပိုင်း ပိုင်းကာ ကြယ်တာရာ ဝိညာဥ်များ၏ အမတေများထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုကမ္ဘာများမှာ သူတို့၏ တာအိုကို ကိုယ်စားပြုကာ သူတို့၏ တည်ရှိမှု အခြေခံ အမှန်တရားများကို ဖော်ကျူးထားသည်။

ဝေ့ဝူယင် အဘယ်‌ကြောင့် ဆင့်ခေါ်ခံလိုက်ရသည်ကို နားမလည်နိုင်ချေ။ ထို့အပြင့် သူနှင့် အနီးကပ်ဆုံး ဖြစ်နေသည့် အိုရီနှင့် ဘုရင်တို့မှာ သူ ရောက်ရှိလာသည်ကိုပင် သတိထားမိဟန် မရကြ‌ချေ။ ဘုရင် တစ်ယောက် သူ့ကမ္ဘာတွင် နတ်ဘုရား တစ်ပါး ကဲ့သို့ အဆုံးမဲ့ အလင်းများကို ထုတ်လွှတ်နေချိန်တွင် အိုရီမှာမူ သူ့ပိုင်နက် အတွင်း ဝေ့ဝူယင်အား ဝင်ခွင့် မပြုလိုပုံ ရသည်။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now