801 - 805

42 7 0
                                    

အပိုင်း(၈၀၁) ကျန့်ကျန့်၏ စွမ်းအား

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ သင်္ဘောသား အနည်းငယ်ဖြင့် လည်ပတ်နေသည့် နောက်ထပ် ထန်မျိုးနွယ် သင်္ဘောတစ်စင်းထံသို့ ‌ရွေ့လျားသွားသည်။ သင်္ဘောသားများမှာ ထိတ်လန့် တုန်လှုပ်သွားကြကာ  ချက်ချင်းပင် နောက်ကို ဆုတ်ရန် ကြိုးပမ်း လိုက်ကြ၏။ သို့သော်လည်း... မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူတို့သည်လည်း အလားတူ ကံကြမ္မာမျိုးနှင့် ရင်ဆိုင် လိုက်ရလေသည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ မျက်လုံးများကား ပြူးကျယ် နေခဲ့ပြီ ဖြစ်လေသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သူတို့၏ ဟင်းလင်းပြင် သင်္ဘောနှစ်စင်း ကျဆုံး သွားခဲ့လေပြီ...။ သူတို့၏ နှလုံးသားက သွေးများဖြင့် ပြည့်လျှံလာခဲ့၏။ သင်္ဘောတစ်ခုချင်းစီကို ဖန်တီးရန် ဆယ်စုနှစ် များစွာ အချိန်ယူရသည်။ ထို့အပြင်... ၎င်းတို့မှာ တိုက်ခိုက်ရေး သင်္ဘောများ ဖြစ်လေရာ သာမန် သင်္ဘောများထက် ရင်းမြစ်နှင့် အားထုတ်မှုများ ပိုမို လိုအပ်ပေသည်။

“သူတို့က ဘာလို့ ခုထိ မလှုပ်ရှားကြသေးတာလဲ...”

အမျိုးသမီး သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်သည့် မဟူရာ မီးတောက်က အရေးပေါ် လေသံမျိုးဖြင့် အော်ဟစ်လိုက်၏။ ဟင်းလင်းပြင် သင်္ဘောတစ်စင်းချင်းစီတိုင်းက သူတို့ ထန်မျိုးနွယ်၏ အင်အားများ ဖြစ်သလို တန်ဖိုး မဖြတ်နိုင်သည့် ကြယ်ဝ ချမ်းသာမှု ရင်းမြစ်များလည်း ဖြစ်ပေသည်။ ၎င်းတို့ကို ဖျက်ဆီးပစ်ခြင်းက ထန်မျိုးနွယ်အား ဖျက်ဆီးနေခြင်းနှင့် အတူတူပင်။

ဘုန်း...

တတိယမြောက် သင်္ဘောမှာ ပေါက်ကွဲသွား၏။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် အမှောင် ဟင်းလင်းပြင်က လှပသော မီးတောက် မီးလျှံများနှင့် ပြည့်နှက်လာခဲ့တော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ လျှပ်တစ်ပြက် အတွင်းမှာပင် ထန်မျိုးနွယ်၏ နောက်ထပ် ဟင်းလင်းပြင် သင်္ဘော သုံးစင်းကို ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုက ပိုမို၍ သွက်လက်လာကာ ခန္ဓာ အသစ်ကို ပေါင်းစပ်ထားသည့် စွမ်းအင်များနှင့် အသားကျ လာခဲ့၏။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now