အပိုင်း(၃၁) ဂိုဏ်းသို့ ပြန်ခြင်း
ဝေ့ဝူယင်သည် ထိုတစ်ညလုံးအား အသက်မြက် သစ်သား အမတေကို ချီနှလုံးသားများ အတွင်း စုပ်ယူခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ ဒြပ်စင်တစ်ခု မွေးဖွားခြင်းသည် သိမ်မွေ့သော လုပ်ငန်းစဥ် တစ်ခု ဖြစ်ပြီး နားလည်နိုင်စွမ်းကို အဆင့် တစ်ခု အထိ လိုအပ်သည်။ ကံကောင်းစွာပင် ဝေ့ဝူယင်သည် မယုံကြည်နိုင်လောက်အောင် မြင့်မားသည့် နားလည်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။
ကြယ်တာရာများ မှေးမှိန်ကာ အရှေ့အရပ်မှ နေထွက်ပေါ်လာချိန် အထိ အလင်း အစက်အပျောက်များသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း စီးဝင်နေခဲ့၏။ သူသည် အနောက် အရပ်သို့ နေဝင်သွားချိန် အထိ တည်ငြိမ်စွာ ထိုင်ရင်း ထိုဒြပ်စင် အမတေများကို ဆက်လက် သန့်စင် နေခဲ့သည်။
ဖူး...
အသက်ကို ပြင်းစွာ ရှူထုတ်လိုက်ရင်း ပွက်ပွက်ဆူနေသော ချီကို သူ ထုတ်လွှတ်လိုက်၏။ သူ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်ဟလာကာ မြစိမ်းရောင် တောက်ပနေသည့် အလင်းများ ကွန့်မြူးလာသည်။ သူ၏ အရေပြား အောက်တွင်မူ အစိမ်းရောင် သွေးကြောများမှာ ကြွက်သားများနှင့် ရိုးတွင်းခြင်ဆီများ အထိ ဆက်စပ်ကာ စီးဆင်းနေလေ၏။
“တကယ့်ကို အခွင့်အရေးပဲ...”
အဆင့်မြင့် ဒြပ်စင်ချီ သုံးခုနှင့် အတူ သူ၏ ယန်ဖွံ့ဖြိုးခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံမှာ အဆင့်သစ် တစ်ခု အထိ မြင့်တက်သွားသလို ခံစားလိုက်ရသည်။ သူ၏ မသိစိတ်က အလိုလိုပင် လက်မောင်းဆီသို့ ရောက်ရှိ သွား၏။
၁၇၁.၂
ထိုဂဏန်းမှာ သာမန် ဘာသာစကားဖြင့် ရေးသားထားခြင်း မဟုတ်ပဲ အပြစ် သွေးမျိုးဆက် ရှိသူများသာ နားလည်နိုင်သည့် ထူးဆန်းသော သင်္ကေတများဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။
“ငါ ကံကောင်းမှုတွေ ထပ်ပြီး ရလာဦးမှာလား... ပိုပြီး အရေးကြီးတာက ငါ့မှာ ကမ္မ တန်ဖိုး အများကြီး ရှိနေပြီ ဆိုတော့ မကြာခင် ဖြစ်ပေါ်လာမယ့် အဆင့် ၂ ကပ်ဘေးကို ကျော်နိုင်တော့မှာပေါ့... သူပြောပုံ အရဆိုရင် အသက်ရှင် လွတ်မြောက်ဖို့ ကမ္မ တန်ဖိုး ၁.၅ လိုပြီး အဲဒီ ကပ်ဘေးကနေ အကျိုးအမြတ် ရဖို့ အတွက်ကျ ကမ္မ တန်ဖိုး ၂ လိုအပ်တယ် တဲ့”
![](https://img.wattpad.com/cover/354976697-288-k637056.jpg)
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Przygodoweအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...