741 - 745

66 7 1
                                    

741+742
January 13, 2024
အပိုင်း(၇၄၁) တပ်ဆုတ်ခြင်း

ဝေ့ဝူယင်မှာ ထိုရှာဖွေ တွေ့ရှိမှုကြောင့် ဉာဏ်အလင်း ရရှိခဲ့ကာ ဝိညာဥ် ကျင့်ကြံခြင်း လမ်း‌‌ကြောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ အဂ္ဂိရတ် သမား တစ်ဦး၏ ရှုထောင့်နှင့် ဆန်းကြယ် ဝိညာဥ် နှစ်ခုကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် အကြောင်းရင်းကို သူ နားလည်ခဲ့ပြီ ဖြစ်သည်။

ထိုက်ဟိုနှင့် အခြား စစ်သား တစ်ယောက်ကို ကုသ ပေးပြီးနောက် ဝေ့ဝူယင် ဖြည်းညင်းစွာပင် ထိုင်ရာမှ ထကာ နောက်ထပ် အတွဲ တစ်ခုကို ရွှေ့ပြောင်းလိုက်သည်။ အိုရီ၏ လောကပင်လယ်တွင် မူလ ဒြပ်စင် အင်အားများ အဆုံးမဲ့စွာ တည်ရှိလေရာ ဒဏ်ရာ ကုသပေးခြင်းလောက်က မပြောပလောက်သော အရာ ဖြစ်ပေသည်။ တိုက်တန် စစ်သည်များမှာ သူ့ကို အနည်းငယ်ပင် သံသယ မဝင်ကြပါချေ။ သူတို့က စွမ်းအင် သွေးကြောများကိုပင် ဖွင့်ဟထားကာ  ကြယ်တာရာ အင်အားများကို ပို့ဆောင်နိုင်ရန် အတွက် အပြည့်အဝ ခွင့်ပြုထားကြသည်။

တစ်ချိန်တည်း၌ သူတို့မှာ ဝေ့ဝူယင် စစ်မြေပြင်၌ ထုတ်သုံးနေသည့် ကြယ်တာရာ အင်အားများ၏ စွမ်းအားနှင့် အရည်အသွေးတို့ကို အံ့အား မှင်သက် နေမိကြသည်။ ထို့အပြင်.. စစ်မြေပြင်တွင် ဆေးသူတော်စင်များ အဖြစ် မကြာခဏ ဆိုသလို ရည်ညွှန်းခံရသည့် အသက်စွမ်းအင် ကျင့်ကြံသူများမှာ အလွန်ပင် အဖိုးတန်လှသည်။ သို့သော်လည်း သူတို့က ဝိညာဥ်သခင်များ ကဲ့သို့ပင် ရှားပါးသည်။

ဝေ့ဝူယင်မှာ ဝိညာဥ်သခင် တစ်ယောက် မဟုတ်သလို ဆေးသူတော်စင် တစ်ယောက်လည်း မဟုတ်သည့်တိုင် ထိုပြိုင်စံရှား ကဏ္ဍနှစ်ခု စလုံးကို ဖြည့်စွက်ပေးနိုင်သည့် ထူးဆန်းသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။ မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သည့် လူငယ်ကလေးကို ကြည့်ကာ ကြောက်စိတ်က သူတို့ နှလုံးသားထဲ စိမ့်ဝင် လာခဲ့၏။ ထိုလူသားက မည်ကဲ့သို့ ကျင့်ကြံထားသနည်း။

တိုက်တန် စစ်သည်များ၏ ထူးဆန်းသော အကြည့်များကို ခံစားနေရသည့်တိုင် ဝေ့ဝူယင်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ စိတ်တစ်ခုလုံးက၏ ဝိညာဥ်သခင်များနှင့် ၎င်းတို့ မည်ကဲ့သို့ မွေးဖွားလာသည်ကို အပြည့်အဝ အာရုံစိုက်ထားကာ ကျင်းကျူး၏ မှတ်ဉာဏ်များကို ရှာဖွေနေ၏။ ဧဒင်က သူ့ကို ကူညီပေးနေကာ မှတ်သား ထားသမျှ အသေးစိတ် အချက်အလက် မှန်သမျှကို ပြန်လည် ဖော်ထုတ်ပေးနေ၏။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now