786 - 790

48 8 0
                                    

အပိုင်း(၇၈၆) ဝေ့ဝူယင်

“ကောင်းပြီလေ...”

ခရာတို၏ ကြေညာမှုကို လက်ခံရန် ဝေ့ဝူယင် နည်းနည်းလေးမျှ တုန့်ဆိုင်းခြင်း မရှိပါချေ။ ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားက သဘာဝ ဝင်္ကပါကို ဆုံးရှုံးသွား၍  နောက်နောင် ရင်းမြစ်များကို ထပ်မံ မထုတ်လုပ် နိုင်တော့ဘူး ဆိုလျှင်ပင် သူ ဂရုမစိုက်ချေ။ သူ့တွင် အချိန် ကန့်သတ်ချက် ရှိပေသည်။

ကောင်းကင်တာအိုက ရည်ရွယ်ထားသည့် အရာထက် အဆတစ်ရာမျှ ပိုမို၍ ရယူနိုင်မည် ဆိုလျှင်ပင် သူ ထိုအရာကို မတုန့်မဆိုင်း လက်ခံလိုက်မည် ဖြစ်သည်။ ဝေ့ဝူယင် ရယ်မောလိုက်၏။ ကောင်းကင်တာအိုက သူ့ကို ထိုရတနာလောက်မျှနှင့် ကျေနပ်စေချင်သည်လား။ တကယ် သောက်ရူးပင်။

စိတ်ထဲမှ တွက်ချက်မှု တစ်ချို့ ပြုလုပ်ရင်း ဝေ့ဝူယင်၏ အမူအရာက ပိုမို၍ တည်ငြိမ်လာခဲ့၏။ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ တုန့်ပြန်မှု အားလုံးကို ချေဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ၎င်း၏ အမြုတေကို ဖျက်ဆီးရန် ဖြစ်သည်။

အမြုတေကို ရှာဖွေခြင်းမှာ အခြားလူများ အတွက် ခက်ခဲသော အလုပ် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း... ဝေ့ဝူယင် အတွက်တော့ အင်မတန် လွယ်ကူပေသည်။

ဝိညာဥ်အစီအရင်... ကောင်းကင်နှင့် အမှန်တရား မျက်လုံး...

ဝေ့ဝူယင် ချက်ချင်းပင် သူ့ အစွမ်း အထက်ဆုံးသော ဝိညာဥ် အစီအရင်ကို ဖော်ထုတ်လိုက်၏။ အခြား အာရုံခံ အစီအရင်များနှင့် ခြားနားစွာပင် ၎င်းမှာ မျက်လုံးကိုသာ အခြေခံသည်။

ဘုန်း...

ဂြိုဟ်ထံမှ အေးစက်စက် အော်ရာများ ပေါက်ကွဲ ထွက်ပေါ်လာသော်လည်း ဆေဘာနှလုံးသားနှင့် ဒြပ်စပ် နှလုံးသားတို့ အားဖြည့်အားထည့် သူ့အမြင်အာရုံကို နည်းနည်းလေးမျှ ပိတ်ပင် တားဆီးနိုင်စွမ်း မရှိပါချေ။ အကြည့်တစ်ချက်ဖြင့်ပင်... ကီလိုမီတာ သုံးထောင် ကျယ်ပြန့်သည့် ဂြိုဟ်၏ ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခုလုံးကို ဝေ့ဝူယင် တွေ့မြင် လိုက်ရပြီ ဖြစ်သည်။

အေးစက်စက် အပြုံးနှင့် အတူ သူ အောက်သို့ ခုန်ချလိုက်၏။ သူက ရေကူးသမား တစ်ယောက် ကဲ့သို့ ခန္ဓာကိုယ်ကို အောက်စိုက်ထားကာ လက်နှစ်ဖက်ကို လှံသဖွယ် ရှေ့သို့ ဆန့်ထုတ်ထား၏။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now