826 - 830

38 9 0
                                    

အပိုင်း(၈၂၆) မြေကြီး ခြေချခြင်း (၃)

ဟူး...ဟူး...

ထာဝရ အစည်းအရုံး၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်များမှာ အလွန်ကြီးမားသည့် ဟင်းလင်းပြင် သင်္ဘော တစ်စင်းပေါ်သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။ ၎င်းက ထန်မျိုးနွယ်၏ ဟင်းလင်းပြင် သင်္ဘောများထက် အဆများစွာ ပိုမို ကောင်းမွန်အောင် တည်ဆောက်ထားပေသည်။ သင်္ဘောထက်၌ တပ်ဆင်ထားသည့် ဝင်္ကပါများ၊ တိုက်ခိုက်ရေး လက်နက်များမှာ အမြင့်ဆုံး အရည်အသွေးတွင် ရှိနေကြ၏။

ဟင်းလင်းပြင် သင်္ဘောထက်သို့ ရောက်ရှိနေသည်က အဂ္ဂိရတ် အာဏာရှင် ရှစ်ယောက်တည်းသာ မကချေ။ မြ‌‌ရောင်သံချပ်ကာ ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသည့် ပုံရိပ်နှစ်ခုလည်း အပါအဝင်ပင် ဖြစ်သည်။ သူတို့ နှစ်ယောက်ထံမှ ထွက်ပေါ်နေသည့် အော်ရာများက မခန့်မှန်းနိုင်အောင် မြင့်မားလှ၏။

သူတို့ကတော့ ထာဝရ အစည်းအရုံး၏ ထာဝရ သူရဲကောင်း သုံးယောက် အနက်မှ နှစ်ယောက်ပင် ဖြစ်လေသည်။ သူတို့က  မြေကြီး ရှန့်ထိုများ ဖြစ်ကြကာ၊ ထာဝရ နယ်မြေ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ ကာကွယ်သူများလည်း ဖြစ်ကြသည်။ ကောလဟလများ အရဆိုလျှင်... ထိုထာဝရ သူရဲကောင်းများမှာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ပျိုးထောင်ပေးထားသည့် ထုတ်ကုန်များဟုပင် ဆိုကြသည်။ သို့သော်လည်း... ထိုအရာ အတည်မပြုနိုင်သည့် သီအိုရီများသာ ဖြစ်ပေသည်။

ယနေ့၌ ထာဝရ သူရဲကောင်း သုံးယောက်ထဲမှ နှစ်ယောက်မှာ သက်တံ့ကောင်းကင် ဂြိုဟ်ဆီသို့ ဦးတည်ကာ  ချီတက် လာနေခဲ့ပြီ ဖြစ်သည်။ မည်သည့်‌ သေမျိုးတစ်ပိုင်း အရှင် အဆင့်က သူတို့၏ ပိုင်နက်ထဲကို လာရောက်ကာ မြေကြီး ခြေချခြင်းကို စိန်ခေါ်ရဲသနည်းသူတို့ ကြည့်လိုကြသည်။ အကယ်၍ စန်းလော့ယန်၏ လျှင်မြန်စွာ တွေးတောနိုင်စွမ်းကြောင့်သာ မဟုတ်လျှင်... သူတို့၏ ခရမ်းရောင် နတ်ဘုရား မှော်ဆေးအိုးမှာ ပျက်စီး သွားနိုင်ချေ ရှိသည်။

မူယုယက ထာဝရ သူရဲကောင်းများကို ကြည့်လိုက်၏။ ထို့နောက် သူမက စန်းလော့ယန်ဘက်ကို လှည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ အဝေးကို ငေးမောနေခဲ့၏။ မူယုယက စန်းလော့ယန်ဆီသို့ လျှောက်သွားကာ မေးလိုက်သည်။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now