အပိုင်း(၆၀၁) ပြန်လည် မွေးဖွားခြင်း
တစ်ချိန်တစ်ခါက အနန္တ ဧကရာဇ်ဂိုဏ်းသားများ တစ်ဖြစ်လည်း အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများမှာ ဝူပိုင်ကျိုး၏ ဦးဆောင်မှုနှင့် အတူ အသစ် ရောက်ရှိလာသည့် ထာဝရဂြိုဟ်ပေါ်တွင် စတင်က အလုပ်လုပ် နေကြပြီ ဖြစ်လေသည်။ သူတို့က ကောင်းမွန် လုံလောက်သည့် ပတ်ဝန်းကျင် တစ်ခုကို ရှာဖွေကာ အခြေစိုက်ရာ နေရာကို စတင် ထူထောင်ကြ၏။
အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ တက်ကြွသော လှုပ်ရှားမှုများကို ကြည့်ရင်း ပထမ လမ်းကြောင်းကို ရွေးချယ်ခဲ့သည့် ထာဝရ ကြယ်တာရာ နယ်မြေမှ ဂိုဏ်းငယ်များစွာမှာ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။ သူတို့က အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းနှင့် ပူးပေါင်းကာ ကြီးကျယ် ခမ်းနားသော အနာဂတ်သစ် တစ်ခုကို ပုံဖော် ထုဆစ် လိုနေကြသည်။
အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသို့ ပူးပေါင်းလာသည့် ဂိုဏ်းခေါင်းဆောင်များထဲတွင် ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူများပင် ပါဝင်နေသည်။ ဝူပိုင်ကျိုးမှာ သူတို့ကို ခွဲခြား ဆက်ဆံခြင်း မပြုပဲ မူလဂိုဏ်းဝင်များနှင့် မခြား ဆက်ဆံလေရာ သစ္စာရှိမှုများကို ပြန်လည် ရရှိခဲ့၏။ ပြန်လည် ထူထောင်ပြီး ရက်ပိုင်း အတွင်းမှာပင် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ တိုးတက်မှုက ကြောက်ခမန်း လိလိကို မြန်ဆန်နေခဲ့ပြီ ဖြစ်လေသည်။
ဝူယုမှာ ဝူပိုင်ကျိုး၏ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို ကြည့်ကာ အနန္တ ဧကရာဇ်ဂိုဏ်း စတင် တည်ထောင်ခဲ့စဥ်က အချိန်များကိုပင် ပြန်လည် လွမ်းလာခဲ့၏။ ထိုစဥ် အခါက... သူ့ကို ဦးခိုက်ကာ အနန္တ ဧကရာဇ်ဂိုဏ်းထဲသို့ ဝင်လိုခဲ့သည့် လောကသခင်၊ အချိန်သခင်၊ ကြယ်တာရာ သခင် မြောက်များစွာ ရှိခဲ့သည်။ ဝူယုမှာ ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ ဂိုဏ်း၏ အင်အားကို ကြယ်တာရာ နယ်မြေ၏ အဆုံးသတ်ထိ ချဲ့ထွင်ခဲ့သည်။ ယခု မိန်းကလေးကို မြင်ရသည်က ငယ်ငယ်က ဝူယု အသေးစားလေးကို ပြန်မြင်နေရသလိုပင်။
သို့တိုင်အောင် မိန်းကလေးမှာ ဝှက်ဖဲများကို ယခုထိတိုင် မသုံးရသေးချေ။ အကယ်၍ သူမသာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင် ချန်ထားခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များ အကြောင်းကို ဖော်ထုတ်လိုက်ပါက မရေမတွက်နိုင်သော လူများမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို ဝင်ရောက်ရန် တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
مغامرةအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...