Chapter 62

635 116 0
                                    

Unicode

တစ်ယောက်ယောက်က ဖက်ထုပ်လုပ်နည်းကို သူ့ဆီကနေ သင်ယူနေသည်ဆိုတာ သိလိုက်ရတော့ ဒေါသဖြစ်မိသွား၏။

ထို့ကြောင့် ကုပိုင် ပြီးပြည့်စုံသောဖက်ထုပ်လုပ်ထားသည်ကို မြင်လိုက်ရသည့်အခါတွင်တော့ သူ အန္တရာယ်ကို ခံစားလိုက်ရသည်။

ပိုင်ရှောင်ပိုင်ကို ပိုသန်မာလာစေခွင့်မပြုသင့်ချေ။ သူအဲ့လိုဖြစ်ခွင့်မပေးနိုင်ဘူး!

"သူတို့က ကြည့်ကောင်းတယ်၊ ဒါပေမယ့် အစားအသောက်က ရုပ်လှဖို့လိုရုံတင်မကဘူး မင်းရောထားတဲ့အဆာတွေက နုပ်နုပ်စဉ်းထားတာ အရမ်းသေးနေတော့ အဲ့လိုလုပ်လိုက်တာက အရသာတစ်မျိုးနဲ့တစ်မျိုးကို ပျက်စီးစေလိမ့်မယ်" ထင်းယွီက အလယ်တွင် စကားကိုတချက်ရပ်လိုက်ပြီး ဒါက လူတွေ ဖက်ထုပ်၏အရသာ ဘယ်လောက်ဆိုးသွားမလဲဆိုတာ လုံလုံလောက်လောက် မြင်ယောင်ကြည့်နိုင်ခဲ့သည်။

"စိတ်မပူပါနဲ့ သူတို့အရသာ ဘယ်လောက်ကောင်းလဲဆိုတာ မင်းသိရပါလိမ့်မယ်" ကုပိုင်သည် ထင်းယွီပြောချင်နေသည့်အကြောင်းအရာကို ဆက်မပြောတော့ဘဲ ဖက်ထုပ်များကို မြည်းစမ်းပြီး သုံးသပ်ချက်ပေးစေချင်သည့်အတွက် ငြင်းဆိုလိုက်သည်။
ခရမ်းသီးအဆာသွပ်ပါသော ဖက်ထုပ်များသည် အသားအဆာသွပ်လောက် အချိန်မလိုအပ်ပေ။ အချိန်ပြည့်သောအခါ ကုပိုင် မီးကိုပိတ်ပြီး ငါးမိနစ်ကြာသည်အထိ အဖုံးကို မဖယ်ရှားခဲ့ချေ။

လူတွေက အစမှာ လေထဲ ရေငွေ့တွေပျံ့သွားတာကို တွေ့လိုက်ရပြီး ပေါင်းအိုးထဲရှိ ဖက်ထုပ်များကတော့ ယခင်ကထက် ပိုကြီးမားပြီး ပိုချောမွတ်နေ၏။ ရေငွေ့များက သူတို့ကို လျှို့ဝှက်ဆန်းကြယ်သည့်ခံစားချက် ပေးစွမ်းသည်။

[ကြည့်ရတာအရမ်းလှတယ် ဖက်ထုပ်တွေက တိမ်တွေကြားထဲမှာလိုမျိုး]
[ဖက်ထုပ်တွေက ပိုကြီးပြီး ပိုဖြူလာတယ် ရှောင်ပိုင် မင်း ဘယ်လိုလုပ်လိုက်တာလဲ ဘာလို့ပိုကြီးလာတာလဲ ပြောပြဦး မင်း မှော်နဲ့လုပ်လိုက်တာလား]

"အားးး... အရမ်းကောင်းတယ်! သူတို့ ပိုကြီးလာမယ်လို့ ငါမထင်ထားမိဘူး ဟင်းပွဲတွေချက်ပြီးတိုင်း ပိုကြီးလာမယ်ဆိုရင်၊ ဟင်းတစ်ခွက်စာပေးရုံနဲ့ နှစ်ဆပိုစားနိုင်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား]

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now