Chapter 66

996 142 0
                                    


ကုပိုင်မျှော်လင့်ထားသလိုပင် သူအွန်လိုင်းပေါ်တက်ပြီး စားသောက်ဆိုင်အဝင်ဝမှာပေါ်လာတော့ ဒါက အကြာကြီးစောင့်ဆိုင်းခဲ့ရသည့် ဖောက်သည်များကို အံ့အားသင့်သွားစေ၏။

"ဆိုင်ရှင် ခင်ဗျားရဲ့အချိန်ယူဆချက်က မှားယွင်းနေမှာစိုးတယ် အချိန်ကိုကြည့်စမ်းပါဦးဗျာ"

"မနက်က ဘယ်ရောက်နေတာလဲ၊ ဒီကိုလာဖို့ ဘာလို့ကြာနေရတာလဲ၊ ဒီမှာ ခင်ဗျားကိုစောင့်နေရလို့ အစစ်အမှန်လက်တွေ့ကမ္ဘာမှာ မနက်စာတောင် မစားခဲ့ရဘူးဆိုတာ သိရဲ့လား"

ဖောက်သည်များက ကုပိုင်ကို သင်ခန်းစာပေးလိုစိတ်ဖြင့် ငြီးတွားနေကြပြီး ဒါမှသာ သူ(ကုပိုင်) သူတို့ကို ဤကဲ့သို့ ထပ်ပြီးဆက်ဆံရဲတော့မည်မဟုတ်ပေ။
"ကျွန်တော် ဖေ့စ်ဘုတ်မှာ ခွင့်တောင်းဆိုထားပါတယ်ဗျာ" ကုပိုင် အသံတိုးတိုးဖြင့် ပြောသည်။

နေ့စဥ်နေ့တိုင်း မနက်စာစားရန်အတွက် စားသောက်ဆိုင်ငယ်လေးသို့လာခြင်းက အကျင့်တစ်ခုပင်။ တစ်ခါတရံ သူ့ဆိုင်တွင်  ကံကောင်းပြီး နေ့လယ်စာပင် စားချင်စားရနိုင်သေး၏။ထို့ကြောင့်၊ ယနေ့နံနက်တွင် ကုပိုင်မပေါ်လာသလို  ဆိုင်ကိုပင် မဖွင့်သေးသော်လည်း  သူတို့ရှေ့ရှိအခြားသူများ စားရမည်ကို စိုးရိမ်သောကြောင့် တန်းစီနေကြဆဲဖြစ်သည်။ ဖေ့စ်ဘုတ်ခ်ပေါ်ရှိ သတိပေးချက်ကို စစ်ဆေးရန် ဘယ်သူမှ မစဉ်းစားမိခဲ့ကြချေ။

"လမ်းခုလတ်မှာ ထွက်သွားတဲ့လူနည်းနည်း တွေ့လိုက်ရတာ အံ့သြစရာမရှိဘူးပဲ ဟင်းလျာကို စောစောမြည်းစမ်းကြည့်ခွင့်ရမှာမို့လို့ ငါကံကောင်းပြီလို့တောင် ထင်မိခဲ့တာ ကြည့်ရတာ တကယ့်ကို အရူးတစ်ယောက်လိုပဲ" ဖောက်သည်တစ်ယောက်က လှောင်ပြောင်မပြောဆိုမိပဲ မနေနိုင်တော့ချေ။

"ဟာဟား... ဒီမနက် သူ့ရဲ့ update အကြောင်းအရာကို တွေ့ပြီး နေ့လည်က သု့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့တယ် သူလုပ်ထားတဲ့ ဖက်ထုပ်တွေကိုမြည်းစမ်းကြည့်ဖို့ အခွင့်အရေးတောင်ရခဲ့သေး အရမ်းအရသာရှိတယ်"အချို့သော ဖောက်သည်များက ကြွားလုံးထုတ်လာကြ၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now