Chapter 55

725 116 1
                                    

Unicode

"ဒါကရော ဘာလဲ?" လျိုချီကန်း ဖန်သားပြင်ကိုညွှန်ပြရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ပန်းသီးရုပ်မြင်သံကြားရဲ့လှည့်စားမှုပဲ ဖြစ်ရမယ် ရှင်းရှင်းပြောရရင် ရှောင်ပိုင်က ဘယ်လောက်အလားအလာရှိတယ်ဆိုတာ သူတို့ သိတယ်လေ ဒါကြောင့် သူ အားကောင်းမလာခင် သူ့ကို ဖျက်ဆီးပစ်ချင်ကြတာ!" စုယန်သည်လည်း မျက်မှောင်တင်းတင်းကြုတ်လိုက်၏။

ခရမ်းချဉ်သီးရုပ်မြင်သံကြားသည် ပန်းသီးရုပ်မြင်သံကြား၏ ညစ်ပတ်လှသည့်လှည့်ကွက်များအတွက် ပြင်ဆင်ထားသော်လည်း သူတို့က ရှောင်ပိုင်ကိုသာတိုက်ရိုက်ရည်ရွယ်ပြီး ထင်းယွီ၏များပြားလှသောပရိသတ်များ သူ့ကိုဦးဆောင်ဖိနှိပ်စေရန်ပင် လုပ်ခဲ့မည်ဟု မထင်မိခဲ့ကြပေ။

အရေးကြီးဆုံးအချက်မှာ ပိုင်ရှောင်ပိုင်နှင့်ထင်းယွီကြားရှိ ရန်ပွဲဖြစ်ပုံရသောကြောင့် ခရမ်းချဉ်သီးရုပ်မြင်သံကြားသည် ပိုင်ရှောင်ပိုင်ကို စပွန်ဆာများအဖြစ်နှင့် တိုက်ရိုက်ကူညီရန် နေရာမရှိနေပေ။ မဟုတ်ပါက သူတို့ကပင် ရှောင်ပိုင်၏နာမည်ကို ဖျက်ဆီးသလိုဖြစ်သွားနိုင်သေး၏။ ပိုဆိုးတာက ဘာလဲ။ ရှောင်ပိုင်က စပွန်ဆာများနှင့် ဆက်နွှယ်မှုရှိနိုင်သည်ဟု လူအများက သံသယဖြစ်သွားနိုင်သည်။

ဒါက စုယန်နှင့်လျိုချီကန်းကို ပို၍ပင် စိတ်ဓာတ်ကျသွားစေလေသည်။
" ရှောင်ပိုင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရအောင် လိုအပ်တဲ့အချိန်ကျရင် ငါတို့ သူ့ကိုကူညီပေးနိုင်လိမ့်မယ်" ဟု လျိုချီကန်းက တည်ငြိမ်စွာပြောလိုက်သည်။

သူတို့သည် အပြောင်းအလဲကိုစောင့်ကြည့်ပြီး လိုက်လျောညီထွေပြုမူရုံသာ တတ်နိုင်၏။
သို့သော်ငြား ပန်းသီးရုပ်မြင်သံကြားကို စိတ်ထဲအပြစ်တင်နေပြီး အနာဂတ်မှာ လက်စားချေရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။

ပန်းသီးရုပ်မြင်သံကြားက သူတို့နှင့် တရားမျှတစွာ ယှဉ်ပြိုင်ခဲ့မည်ဆိုလျှင် သူတို့ကြောက်စရာဘာမှမရှိပေ။ ယခုမူ ၎င်းတို့က ညစ်ပတ်သောလှည့်ကွက်များ ကစားလာသည်ဆိုတော့ ခရမ်းချဉ်သီးရုပ်မြင်သံကြားသည် ၎င်းတို့အတွက် နောက်ပိုင်းတွင် လွယ်ကူစေမည်မဟုတ်ပါချေ။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now