Unicode
သူ့ပရိသတ်တွေရှေ့မှာတင် ဖက်ထုပ်မြည်းစမ်းကြည့်လိုက်မိတာကြောင့် အပြစ်ပြော၍မရချေ။ ထို့ကြောင့် သူ့ဒေါသကို လက်ကျန်ဖက်ထုပ်များပေါ်တွင်သာ ဖြေဖျောက်နိုင်ခဲ့သည်။
ယခုတော့ ခလုတ်ကိုနှိပ်ထားပြီးပြီမို့ ဖက်ထုပ်တစ်ခု သို့မဟုတ် အားလုံးစားလိုက်သည်ဖြစ်စေ ကွာခြားမှုမရှိသည့်အတွက် အကုန်စားပစ်ရန် ဆုံးဖြတ်လိုက်သည်။ထိုမှသာ လိုအပ်နေသည့် အချက်အပြုတ်ကျွမ်းကျင်မှုများကို သိရှိလာလိမ့်မည်ပင်။
ကုပိုင် သူ၏ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုရလဒ်အတွက် အလွန်ကျေနပ်နေ၏။ သူ့လက်ကျန်ငွေထဲရှိ XB ထောင်ပေါင်းများစွာကို ကြည့်လိုက်မိရင်း ထင်းယွီ၏မျက်နှာကို ကြည့်နေရသည်ကပင် စိတ်ပျော်ရွှင်စရာကောင်းသည်ဟု ခံစားရလေသည်။
"ဒီနေ့အတွက် ဒီလောက်ပါပဲ နောက်တစ်ခေါက်တွေ့မယ်" ကုပိုင် ဖက်ထုပ်တွေကို စားဖို့မစောင့်နိုင်တော့တာကြောင့် ပရိသတ်တွေကို ထိုသို့ပြောလိုက်သည်။[ခနလေး ငါစားဖို့ ဖက်ထုပ်နှစ်ခုကျန်သေးတယ်]
[ငါလည်း သုံးခုကျန်သေးတယ် ရှောင်ပိုင် ကျေးဇူးပြုပြီး နင်မသွားခင် ငါတို့ကို အပြီးသတ်ခွင့်ပြုပါဦး]
[ရှောင်ပိုင် မင်းရဲ့နောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှုကို ဘယ်တော့စမလဲ ငါက မင်းထက်အရင်ရောက်ပြီး ဟင်းအရသာမြည်းစမ်းဖို့ စောင့်မယ့်သူပါ ဖက်ထုပ်တွေကလည်း ဖော်ပြဖို့တောင် အရသာရှိလွန်းတယ် စားလို့တောင်မ၀ဘူး ကျေးဇူးပြုပြီး နောက်တစ်ခါကျရင်လည်း ဖက်ထုပ်ထပ်လုပ်ပေးလို့ရမလား]
[တောင်းပန်ပါတယ် ရှောင်ပိုင် ငါမင်းကို အရင်က အဲ့ဒီလိုမပြောခဲ့သင့်ဘူး ငါက နတ်ဘုရားယွီရဲ့ ပရိတ်သတ်ပါ မင်းတို့နှစ်ယောက်လုံးက ဖက်ထုပ်လုပ်တတ်ပေမယ့် မင်းရဲ့ဖက်ထုပ်တွေကတော့ တမူထူးခြားလို့ ငါရိုးသားရမယ် ဒါက ကူးယူထားတဲ့လက်ရာ မဟုတ်ဘူးလို့ ငါပြောချင်ပါတယ်]
[ငါလည်း တောင်းပန်ရမယ် ရှောင်ပိုင် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ငါ့ရဲ့ ရိုးရိုးသားသား တောင်းပန်မှုလေးကို လက်ခံပေးပါ နောက်တစ်ကြိမ် နင့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုဆီ ငါထပ်လာမယ် နင့်ရဲ့ဟင်းပွဲတွေကို ငါ မြည်းစမ်းကြည့်လို့ရနေတုန်းပဲမလားဟင် အီမိုဂျီ]
