Unicode
"ကိစ္စမရှိပါဘူး၊ ငါ စိတ်ထဲမထားဘူး" ဖန်းဝေ့ရွှမ်းက အပြုံးကြီးကြီး တပ်ဆင်ထားသည်။ ကျန်သည့်အသားကင်များက ကုပိုင်၏မျက်လုံးထဲ မကောင်းနေလျှင်ပင် ဖန်းဝေ့ရွှမ်း၏မျက်လုံးထဲတွင်တော့ အရသာရှိသည့်အသားကင်များဖြစ်၏။
သူ့ idol က အရမ်းကိုအထင်ကြီးစရာကောင်းသည်ဟု သူမတွေးပဲမနေနိုင်ခဲ့ချေ။
အရူးအမူးဖြစ်နေသည့် သူ့မျက်လုံးတွေကိုမြင်တော့ ကုပိုင် ကျန်နေသည့်အသားကင်များနှင့် ဆော့များကို ပေးလိုက်ရုံသာတတ်နိုင်လေသည်။
ထို့ကြောင့် ဖန်းဝေ့ရွှမ်းသည် ကျန်ပြိုင်ပွဲဝင်အားလုံးအပေါ် အကဲဖြတ်ဒိုင်လူကြီးများ မှတ်ချက်ပေးသည့်အချိန်နှင့် အနိုင်ရရှိသူစာရင်းကိုစောင့်ဆိုင်းနေသည့် နောက်ပိုင်းအချိန်များတွင် ကျန်အသားကင်များကို နှစ်ခြိုက်စွာ စားသောက်နေခဲ့သည်။ တခြားပြိုင်ပွဲဝင်တွေက သူ့ကိုဒီလိုမြင်ရတာ မနာလိုမဖြစ်ပဲမနေနိုင်ကြပါချေ။
၎င်းတို့အပြင်၊ တိုက်ရိုက်ထုတ်လွှင့်မှုမှလူများသည်လည်း ဖန်းဝေ့ရွှမ်းကို အပြစ်တင်ခဲ့ကြသည်။
[အားးးး! ရွှမ်း ဒီလိုလုပ်တာမင်းအတွက် အရမ်းကို ကလိန်ကကျစ်ဖြစ်ရာမကျဘူးလား ငါဆိုလည်း မနိုင်ရင်တောင်မှ ပြိုင်ပွဲကို တက်ရောက်ခဲ့သင့်တာ ရှောင်ပိုင်ရဲ့ဟင်းလျာတွေကိုစားလို့ရသရွေ့ အရမ်းကျေနပ်နေမိဦးမှာပဲ]
[ဟေ့ အိပ်မက်မက်နေတာလား ဂိမ်းမှာပါဝင်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သိထားသင့်တယ် မဟုတ်ရင် မင်း audition အောင်ဖို့အခွင့်အရေး ရှိမှာမဟုတ်ဘူး]
[အဲ့လိုကြားရတော့ အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျသွားရပြီ စပွန်ဆာတွေက ဂိမ်းကို အစစ်အမှန်လက်တွေ့ကမ္ဘာမှာ ဘယ်တော့ထုတ်လွှင့်မှာလဲ ဒီလိုနည်းနဲ့ ပြိုင်ပွဲကို ဆက်ကျင်းပမယ်ဆိုရင် သူတို့ရဲ့ Facebook pageမှာ ငါ ဆိုးဆိုးရွားရွား သွားဝေဖန်မှာနော်]
[ငါ ပြောပြဦးမယ်! ပန်းသီးရုပ်မြင်သံကြားက ဂိမ်းအစမှာပဲ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြည့်ရှုသူအများကြီး ရရှိခဲ့တယ် ခရမ်းချဉ်သီးရုပ်မြင်သံကြားရေ နင်သာ လုံးဝမပြောင်းလဲရင် ပန်းသီးရုပ်မြင်သံကြားက နင့်ကို အနိုင်ရသွားမှာနော် ဂိမ်းကို အစစ်အမှန်လက်တွေ့ကမ္ဘာမှာလည်း ကျင်းပပေးသင့်တယ်လို့ ငါပြောချင်ပါတယ်]