Chapter 50

919 126 5
                                    

Unicode

ကုပိုင် သူ့ဂြိုလ်အစွန်းအဖျားရှိ သစ်တောထဲတွင် ရှိနေနိုင်သော ကုန်ကြမ်းများအကြောင်း တွေးမိလိုက်သည်နှင့် အော့ဖ်လိုင်းလုပ်ရန်ပင် မစောင့်နိုင်တော့ချေ။

သို့သော် သူထွက်သွားလျှင် မုမု တစ်ယောက်တည်းဖြစ်သွားပေလိမ့်မည်။
အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက်၊ ကုပိုင် သူ့ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ ထွက်ခွာရန်သာ ဆုံးဖြတ်လိုက်သည်။

"မုမု ကျွန်တော် အခုသွားရတော့မယ် ခင်ဗျားရဲ့သိုလှောင်ခန်းထဲမှာ ဟင်းတွေ ကျန်နေသေးတယ်မလား ဒီနေ့ အဲ့ဒါတွေကိုပဲ စားထားလိုက်နော် မနက်ဖြန် ကျွန်တော် ခင်ဗျားကို အများကြီးထပ်လုပ်မယ်" ကုပိုင် ထိုသို့ဆိုလိုက်၏။

မုမုက ဒုတိယမြောက်ကမ္ဘာတွင် မွေးဖွားထားသည့်သူဖြစ်နိုင်ကြောင်း သတိပြုမိကတည်းက ကုပိုင်သည် အော့ဖ်လိုင်းလုပ်ခြင်း သို့မဟုတ် အစစ်အမှန်လက်တွေ့ကမ္ဘာနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ သူ့ရှေ့တွင်မပြောခဲ့ပေ။

"ကောင်းပြီ" ရှောင်ပိုင်တွင် သူနေထိုင်သည့် အခြားကမ္ဘာတစ်ခုရှိသည်ကိုသိ၍ မုမုက တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။

ရှောင်ပိုင်ပြောခဲ့သည့် တကယ့်ကမ္ဘာကဘယ်လိုလဲဆိုတာ သူ သိချင်သည်။ သူဘယ်ကလာတာလဲ။ သူ့မှတ်ဉာဏ်တွေသာပြန်ရသွားပါက သူ့တွင် အဖြေရှိလာမည်လား။

မုမုသည် မျက်နှာပြင်ပေါ်တွင် မည်သည့်ထူးဆန်းမှုမှ မပြလိုက်ချေ။ သို့သော် အတွင်းစိတ်ထဲတွင်တော့ သူ့မှတ်ဥာဏ်တွေ ပြန်သတိမရလာသေးသည့်အတွက် စိတ်ဓာတ်ကျနေခဲ့၏။

"ကောင်းပြီး မနက်ဖြန် ကျွန်တော် ဇီယာမှုန့်နဲ့ အသားကင်လုပ်ပေးမယ် ခင်ဗျားကြိုက်မှာပါ" ကုပိုင်သည် အရသာမြည်းစမ်းကြည့်ရန် မစောင့်နိုင်တော့ချေ။

ဤခေတ်ရှိ လူများသည် အသားကင်လုပ်ကြသော်လည်း ဇီယာမှုန့်မထည့်ကြရာ စိတ်ဝိညာဉ်မပါသလိုဖြစ်နေသည်။

"ကောင်းပြီ" မုမုက ကုပိုင်ကို မျက်စိဒေါက်ထောက်ကြည့်ချင်သလိုမျိုး မျက်လုံးပြူး၍ စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်စွန်း အနည်းငယ် တွန့်ကွေးသွားသည်က သူ့မျက်နှာကို ပို၍ပင်သက်ဝင်လှုပ်ရှားစေပြီး ဆွဲဆောင်မှုရှိစေ၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now