Chapter 69

111 31 2
                                    


ထိုအချိန်တွင် အပေါ်ထပ်မှ ဆင်းလာသည့်အဘိုးကျိုးက သူမ၏စကားများကို ကြားလိုက်ရပြီး "ရှောင်ပိုင်က အရင်တခေါက်တုန်းက ကန်စွန်းဥရှာတွေ့ခဲ့တဲ့သူ ဟုတ်တယ်မလား" ဟု မေးသည်။

"ဟုတ်တယ် အဘိုး အဘိုးရော သူ့အမာခံပရိတ်သတ်ပဲလား"  တစ်ယောက်ယောက်က သူ့အဘိုးစိတ်ထဲရှိနေမှန်း သိလိုက်ရတော့ ကျိုးလင်လင် အံ့သြသွားရ၏။

"သူ ခနနေရင် တိုက်ရိုက်ထုတ်လွှင့်မှာလား အတိအကျဘယ်မှာလဲ အက်ပ်ကို ဘယ်လိုဒေါင်းလုဒ်လုပ်ရမလဲ" အဘိုးကျိုးက ကမန်းကတန်း မေးလိုက်သည်။
ယခင်တခေါက်တုန်းက ကုပိုင်သည် ကန်စွန်းဥကိုရှာတွေ့ခဲ့ပြီး သူတို့အား သတင်းပို့ခဲ့၏။အပင်သုတေသနဌာနမှ လူများသည် ဂြိုလ်များအားလုံးရှိ ကန်စွန်းဥများကို ရှာဖွေရန် လူများစွာစေလွှတ်ခဲ့သည်။ ကန်စွန်းဥများကို ရှာတွေ့ပြီးသည်နှင့်တပြိုင်နက် ၎င်းတို့အား မည်သို့စိုက်ပျိုးရမည်နှင့် လူအများကြား လူသိများစေရန် အခွင့်အလမ်းများရှိနိုင်မည်လားဟု ရှာဖွေကြည့်ရမည်ဖြစ်သည်။

ထို့ကြောင့် အဘိုးကျိုးက ကုပိုင်ကို အထင်အမြင်ကောင်းရှိလေသည်။
ဒါကိုကြားတော့ ကျိုးလင်လင်က ဆော့ဖ်ဝဲလ်ကို ဒေါင်းလုဒ်ဆွဲရန် မနှောင့်နှေးနေတော့ဘဲ ကုပိုင်၏တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လိုက်သည်။ ထိုအချိန် တိုက်ရိုက်ထုတ်လွှင့်မှုက စတင်တော့မည်ဖြစ်၏။

"ကျွန်တော်တို့ ဒီည အစာအိမ်အဆင်‌ပြေအောင် ချက်စားကြပါမယ် ချက်ရတာလည်းလွယ်ကူတာမို့ တူညီတဲ့ပါဝင်ပစ္စည်းတွေရှိရင် ကျွန်တော်လုပ်တဲ့ အဆင့်တွေအတိုင်း လိုက်လုပ်လို့ရပါတယ်" ကုပိုင် သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များကို ပြောလိုက်ပြီးနောက် သူပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ကင်မရာအောက်တွင်ထား၍ အသေးစိတ်ရှင်းပြလိုက်သည်။
[နင်က အရမ်းကောင်းတာပဲရှောင်ပိုင် နင် ဒါကို အသေးစိတ်ရှင်းပြလိုက်ရင် လူတွေက နင့်လို ချက်ပြုတ်တတ်သွားမှာကို မကြောက်ဘူးလား]

[ရှောင်ပိုင် မင်း ငါတို့ကို အသေးစိတ် သင်ပေးစရာ မလိုပါဘူး ငါတို့အားလုံးက မင်းရဲ့ဟင်းလျာတွေကို စားချင်နေကြတာ ချက်ပြုတ်တဲ့နည်းလမ်းတွေကို နင့်ဘာသာနင် လျှို့ဝှက်ထားသင့်တယ်]

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now