“ကျွန်တော်ရဲ့လယ်က ခုမှစလုပ်ကာစမို့ သီးနှံက အကန့်အသတ်ရှိတယ် စားသောက်ဆိုင်ဖွင့်ဖို့ စီစဉ်ထားပြီးသားဆိုပေမယ့် ဆိုင်ခွဲတွေကတော့ စောင့်ရဦးမယ်ဗျ ခင်ဗျားတို့ ဒီမှာ စားချင်ကြသေးလား၊ မဟုတ်ရင် ကျွန်တော် အခု အော့ဖ်လိုင်းလုပ်လိုက်ရမှာစိုးတယ်" ကုပိုင် ခေါင်းစဉ်ပြောင်းရန် အခွင့်အရေးယူလိုက်သည်။"ဒါပေါ့ စားချင်တယ် ကျုပ်တို့ ဒီမှာ တစ်မနက်လုံး စောင့်နေရတာ"
"ဆိုင်ရှင်၊ ငါတို့ ဖက်ထုပ်စားချင်တယ်၊ နင်သိပါတယ် နင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာလုပ်ခဲ့တဲ့ ဖက်ထုပ်အမျိုးအစားလေ"
"ကျုပ် သဘောတူတယ်!"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ရသည့်လူဖြစ်စေ မကြည့်လိုက်ရသည့်လူဖြစ်စေ အားလုံးက ဖက်ထုပ်စားရန် တောင်းဆိုခဲ့ကြသည်။
"ကောင်းပြီ ခင်ဗျားတို့ရဲ့ဆန္ဒအတိုင်းပါပဲဗျာ" ကုပိုင်ပြုံးပြီး စားသောက်ဆိုင်ထဲသို့မဝင်မီ မုမု၏လက်ကို ဆွဲလိုက်သည်။
ကျေးဇူးတင်စရာကောင်းစွာဖြင့်၊ မုမု ဤနေရာသို့ အချိန်မီရောက်လာခဲ့၏။ သို့မဟုတ်ပါက သူသည် ဤစိတ်အားထက်သန်နေသော ဖောက်သည်များအားလုံးကို စကားပြောဆိုနိုင်မည်မဟုတ်ပေ။
သူ၏အတိတ်ဘဝတွင် ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည့် လူတစ်ယောက်အနေဖြင့်၊ ကုပိုင်သည် ဖုတ်ကောင်များကို ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးချေ။ ယခုမူ ထိုအစားအသောက်ချစ်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ သူ၏လက်များပင် ချည်နှောင်ခံလိုက်ရလေသည်။(ဖုတ်ကောင်တွေကိုတောင် မကြောက်ခဲ့ပေမယ့် foodieတွေကိုတော့ ကြောက်ရပါတယ်တဲ့ >< )"ကျွန်တော့်အတွက် ဒီမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် သူတို့ စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ပေးရမှန်းတောင် သိတော့မှာမဟုတ်ဘူး ဒီမှာ ခဏနေဦး ခင်ဗျားကို ဖက်ထုပ်လုပ်ပေးမယ်" ကုပိုင် ပြုံးပြုံးရွှင်ရွှင်နှင့် ထပ်ပြော၏။ "ပြောရမယ်ဆိုရင် မုမု ခင်ဗျား နာမည်မပြောင်းချင်ဘူးလား၊ ကျွန်တော် အရင်က ခင်ဗျားကို ဒီလိုပေါ့ပေါ့ပါးပါးနာမည်မျိုး ပေးခဲ့ပေမယ့် ခင်ဗျားက ဒီထက်ပိုကောင်းတဲ့နာမည်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ယုံတယ်" ကုပိုင် သူ့ကို ယခင်က မုမုဟုခေါ်ခြင်းသည် တကယ့်မုမုက သူဒီကိုစရောက်တုန်းက သူနှင့်အတူမရှိ၍ဖြစ်၏။ သူ့တွဲဖက်ကို မှတ်မိနေစေရန် ထိုသူကို ဤနာမည်ပေးခဲ့သည်။
ယခုတော့ စပျစ်နွယ်ပင်က သူ့ကမ္ဘာသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဤလူကို မုမုဟု ဆက်ခေါ်နေခြင်းသည် သင့်လျော်မည်မဟုတ်ပေ။
