Chapter 68

661 104 0
                                    


သူ အစစ်အမှန်လက်တွေ့ကမ္ဘာနှင့် ပကတိကမ္ဘာများတွင် ထောင်ပေါင်းများစွာသော ဖက်ထုပ်များ ပြုလုပ်ခဲ့ရသည်။သူတို့အားလုံးကို အစစ်အမှန်လက်တွေ့ကမ္ဘာတွင်သာ လုပ်ရပါက နောက်နေ့ထနိုင်တော့မည်ဟု ကုပိုင်မထင်ချေ။

ကုပိုင် ပြုံးမိသွားရပြီး "ကျွန်တော် အဆင်‌ပြေပါတယ်၊ စိတ်၀ိဉာဥ်ကသာ မကောင်းလာသေးတာပါ စိတ်မပူနဲ့နော် အော့ဖ်လိုင်းလုပ်ပြီး ခဏအနားယူလိုက်ပြီးရင် အဆင်ပြေသွားမှာ"

"သူတို့အားလုံးကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့ မလိုဘူးဆိုတာ မင်းသိပါတယ် သူတို့အတွက် တစ်ယောက်စာပွဲကို အကန့်အသတ်နဲ့ပဲ လုပ်ပေးပေါ့" ဟု မုမုက အကြံပြုသည်။
"ကျွန်တော်သိပါတယ် သူတို့ကို ဒီနေ့တော့ ခြွင်းချက်တစ်ခုအနေနဲ့ လုပ်ပေးလိုက်တာ"

'ကြယ်ပြာ'သည် ယခုအခါ ဒုတိယမြောက်ကမ္ဘာ့တွင် လူကြိုက်များသော စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာပြီး ဒါက နေ့စဉ်နှင့်အမျှ ပို,ပိုများသောလူများကို ဆွဲဆောင်နေ၏။  သူတို့၏ လိုအပ်ချက်အားလုံးကို လိုက်လံဖြည့်ဆည်းပေးရန်အတွက် သူ့ကိုယ်သူ အပင်ပန်းခံမည်မဟုတ်ပါချေ။

ထို့အပြင် ကုပိုင်သည် 'ကြယ်ပြာ'၏စီးပွားရေးကို လျှော့ချရန်စီစဉ်ထားပြီး အစစ်အမှန်လက်တွေ့ကမ္ဘာတွင် တိုက်ရိုက်ထုတ်လွှင့်မှုများလုပ်ရန် အချိန်ပိုပေးမည်ဖြစ်၏။ ထိုသို့လုပ်ခြင်းအားဖြင့် လယ်မြေကို ကိုင်တွယ်ဖြေရှင်းရန် အချိန်နှင့်ခွန်အား ပိုရလာမည့်အပြင် ပရိတ်သတ်တွေအတွက်လည်း ပိုက်ဆံများများစုချိန်ရပြီး သူဝင်ငွေပိုရနိုင်ပေလိမ့်မည်။ မည်သူမျှ ဆုံးရှုံးနစ်နာမှုမရှိပေ။

" ကျွန်တော် အနာဂတ်မှာ အွန်လိုင်းတက်မယ့်အချိန် နည်းသွားနိုင်တယ် ဒါပေမယ့် ခင်ဗျားဗိုက်ဆာတဲ့အချိန်တိုင်း ဒီမှာစားလို့ရအောင် စားသောက်ဆိုင်ထဲမှာ စားစရာတွေ ပိုချန်ထားပေးပါ့မယ် ခင်ဗျား အချိန်မရွေးလာခဲ့လို့ရတယ်" ကုပိုင် မုမုကို သတိပေးလိုက်၏။ မုမုအား ဤနေရာတွင် တစ်ယောက်တည်းထားခဲ့ရမည့်အဖြစ်အား သူ စိတ်မသက်မသာခံစားရလေသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now