"ကျွန်တော့်နာမည် လျူတာ့ကျွမ်းဖြစ်ပြီး တာ့လီရဲ့လုပ်ဖော်ကိုင်ဖက်ပါ ကျွန်တော် ခွန်အားလိုအပ်တဲ့ အလုပ်မှန်သမျှ လုပ်နိုင်ပါတယ် ကျွန်တော် အရမ်းသန်မာပါတယ်" အရပ်အရှည်ဆုံးနှင့် အသန်မာဆုံးအမျိုးသားက ထိုသို့ပြောလာ၏။ကုပိုင် သူတို့နာမည်များကို ကြားလိုက်ရတော့ နှုတ်ခမ်းမတွန့်ပဲ မနေနိုင်ခဲ့ချေ။
ခေတ်ပြောင်းသွားလျှင်ပင် ခွန်အားကိုကိုယ်စားပြုသည့် ထိုသို့သောနာမည်တွေ ကျန်နေသေး၏။သူတို့၏ခန္ဓာကိုယ်နှင့် ခွန်အားကလည်း နာမည်ကိုမဖျက်ဆီးပေ။
"ကျွန်တော့်နာမည်က လီနျို့ပါ မိသားစုထဲမှာ တတိယမြောက်သားမို့ သူတို့က ကျွန်တော့်ကို လီစန်းလို့ခေါ်ကြပြီး လုပ်ငန်းတစ်ခုမှာ တောက်တိုမည်ရ လုပ်ခဲ့ပါတယ်""ကျုပ်နာမည်က ကျန်းဖူကွေ့ပါ တံငါသည်လုပ်ဖူးတယ် သန်လည်းသန်မာပါတယ်"
"ကျွန်တော်က ကျောက်မင်ယွီပါ အရင်က တာ့လီ၊တာ့ကျွမ်းတို့နဲ့ တွဲလုပ်ဖူးပါတယ်" ဟု နောက်ဆုံးလူက မိတ်ဆက်သည်။
ကုပိုင် သူတို့အကြောင်း အခြေခံမျှ နားလည်သွားရ၏။ သူတို့အားလုံး ယခင်က အထမ်းသမားအဖြစ် လုပ်ခဲ့ဖူးသည်ဆိုတော့ လုံလောက်သည့်ခွန်အားရှိကြသည်။ မျိုးစေ့ကြဲခြင်းက ဉာဏ်ကောင်းထက်မြက်ရန် မလိုအပ်ဘဲ လုံ့လဝီရိယရှိဖို့သာ လိုလေသည်။“မင်းတို့ကို ကြိုသိထားစေချင်တဲ့ စည်းကမ်းချက်တချို့ရှိတယ် အစမ်းခန့်ကာလ တစ်လကြာပြီးရင် ဒီအလုပ်ကိုလုပ်ဖို့အတွက် မင်းတို့က အရည်အချင်းပြည့်မီရဲ့လားဆိုတာ ကျွန်တော်မြင်ရလိမ့်မယ် အဲ့ဒီအချိန်ကျမှ အမြဲတမ်းခန့်အလုပ်သမားစာချုပ်ကို ချုပ်ဆိုမှာဖြစ်ပါတယ် မင်းတို့နှေးကွေးနေရင် ကျွန်တော်အလုပ်ဖြုတ်နိုင်တယ်ဆိုတာ သတိရပါ သင်ယူလိုစိတ်ရှိပြီး အလုပ်ကြိုးစားသရွေ့ အရည်အချင်းတွေကျွမ်းကျင်ဖို့ အချိန်အလုံအလောက်ပေးမှာဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော့်ကို အရူးလုပ်ပြီး ပျင်းရိဖို့ကြိုးစားတဲ့သူကိုတော့ လက်ခံမှာမဟုတ်ပါဘူး ကျွန်တော့်ရဲ့အလုပ်သမားတွေက ရိုးသားပြီး လုံ့လ၀ိီရိယရှိရမယ် မဟုတ်ရင် မင်းတို့က အပင်စိုက်ပျိုးတာ ကျွမ်းကျင်သွားတယ်ဆိုရင်တောင် အလုပ်ဖြုတ်ဖို့ ကျွန်တော် တွန့်ဆုတ်နေမှာမဟုတ်ပါဘူး!" ကုပိုင် လေးလေးနက်နက်ပြောနေသည့်အချိန် အလွန်ကြီးစိုးနေပြီး ဒါက သူတို့အားလုံးကို ထိတ်လန့်သွားစေ၏။
![](https://img.wattpad.com/cover/358709586-288-k199759.jpg)