Part 4

3.4K 97 12
                                    

အပိုင်း(၄)

ဂနိုင်းရဂုံနိုင်ငံရဲ့ လက်ရေးအလှဆုံး စာပြန်တော်သမားအား ဆင့်ခေါ်လိုက်ပြီး ခင်ခင့်ရင်ထဲက စကားတွေအား စာဖြင့်စီကုံးရေးစေသည်။

" ဒါဆို အစအဆုံးပြန်ဖတ်ပြပါအုံး "

ခင်ခင်ပြောလိုက်တော့ ကြောက်လန့်တကြားဖြစ်နေသည့် စာပြန်တော်သမားမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဖတ်ပြလေ၏။

       * သို့/ ကြီးမြတ်လှပါတဲ့အရှင့်သား...
အခုလိုနောက်တစ်ကြိမ်တွေ့ခွင့်ရတာဟာ ခင့်ရဲ့ ကံကောင်းမှုပဲမဟုတ်ပါလား အချိန်နဲ့နေရာအဖြစ် မနက်မိုးသောက်နဲ့ဒီနန်းအနောက်ဘက်က ကုန်းပြင်မြင့်လို့သတ်မှတ်လိုက်ရပါတယ် အရှင့်သားနဲ့နောက်တစ်ကြိမ်တွေ့ရဖို့ မစောင့်နိုင်တော့တာကြောင့် ခင့်ရဲ့စာကို ရလျှင်ရပြီး ရက်မရွေးဘဲချက်ချင်းလာတွေ့စေလိုပါတယ် *

စာပြန်တော်သမားဖတ်ပြသည့်စာကိုနားထောင်နေရင်း ရင်တွေဟာ အဆမတန်ခုန်လာရ၏။

" ကောင်းပြီ ရော့ ဒါက အသင်ရသင့်တဲ့အဖိုးအခ "

" မယူ မယူပါရစေနဲ့ "

ပိုးပေလွှာအလိပ်လေးအား တံခါးဘောင်ပေါ်တရိုတသေတင်ကာ အပြင်ပြေးထွက်သွားလေ၏။
ထိုလူဟာလေးစားတန်ဖိုးထားလွန်းလို့မဟုတ်ပါဘဲ ခင်ခင်ကျိန်စာတိုက်မှာကြောက်နေသည့်သူပင်။

" ဟီကူ သူ့မိသားစုအတွက် တစ်ခုခုဝယ်ပြီး လိုက်ပေးချေ "

ဒင်္ဂါးထုပ်ကို ဟီကူ့လက်ထဲထည့်ပေးလိုက်ပြီး ပိုးပေလွှာလေးအတွင်း အလှဆုံးရေးသားထားသည့် စာတန်းလေးတွေအား မဖတ်တတ်သော်လည်း ကြည်နူးစွာကြည့်နေမိသည်။

သိပ်မကြာခင် အရှင့်သားလွှတ်ပေးလိုက်သည့် တပ်သားလူငယ်၏လက်ထဲ စိတ်ချလက်ချထည့်ပေးလိုက်ပြီး စိတ်ရွှင်ပျစွာ အရပ်ထဲကို မှန်ပြောင်းဖြင့် စူးစမ်းကြည့်နေလိုက်သည်။

" ဟင် မယ်တော်စန္ဒကူးပါလား ဒီကိုဘာကိစ္စနဲ့ ကြွလာတာပါလိမ့် "

လက်ထဲကမှန်ပြောင်းအား မွေ့ယာခင်းပေါ်ပစ်တင်ခဲ့လိုက်ပြီး အပေါ်နန်းဆောင်မှ အပြေးတစ်ပိုင်းဖြင့်ဆင်းလာခဲ့မိ၏။

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now