Part 25-B

1.5K 61 2
                                    

အပိုင်း(၂၅-ခ)

မနက်နိုးနိုးချင်း ဘေးတွင်အိပ်မောကျနေသော မဏ္ဍိုင့်မျက်နှာအား အနီးကပ်သေချာကြည့်နေမိသည်။

" သဘောကျရင်လည်း နမ်းလိုက်ပါလား ခင်ခင် "

" ဟင် နိုးနေတာလား "

" ခင်ခင် မှုတ်ထုတ်လိုက်တဲ့လေတွေက ကျုပ်မျက်နှာကို အခိုးလာလာရိုက်တော့ နိုးလာရပြီပေါ့ "

" တောင်းပန်ပါတယ် "

" တောင်းပန်ဖို့မလို့ပါဘူး ဒါနဲ့ ခင်ခင်အံ့ဩလောက်မဲ့အရာတစ်ခုရှိတယ် သိချင်ရင် ကျုပ်နောက်လိုက်ခဲ့ လာ "

ထိုစကားကြောင့် ကမန်းကတန်း ကုန်းထနေသော ခင်ခင့်ကိုကြည့်ရင်း ခါးကနေ ဆွဲမ,ပစ်လိုက်သည်။

" မှန်ထဲက ဘယ်သူလေးလဲဆိုတာကြည့်ပါအုံး "

မျက်နှာတစ်ခုလုံးဟာ ပြစ်ချက်မရှိ ပကတိရှင်းသန့်နေသည့် ပုံရိပ်ကလေးအား မှန်သားပြင်တွင်ပေါ်နေတော့သည်။

" ဒါ ဒါက .. "

" ဘယ်လိုပဲဖြစ်နေနေ ကျုပ်မျက်စိထဲမှာတော့ ခင်ခင်က ဘယ်အချိန်ကြည့်ကြည့် လှနေတာပါပဲ "

" ကျိန်စာပြယ်သွားတာလား ဘယ်သူက ကျိန်စာပြယ်အောင်လုပ်ပေးခဲ့တာလဲဟင် "

" ဒီဗိုက်ထဲက ကလေးလေးပေါ့ ခင်ခင့်မှာ ကိုယ်ဝန်ရှိပြီဆိုတာသိလိုက်ကတည်းက ကျိန်စာပြယ်သွားတာပဲ ဒါဟာ ကလေးနဲ့ခင်ခင့်ကြားက ဆက်နွယ်မှုတစ်ခုဆိုရင်လည်း မမှားဘူး "

မဏ္ဍိုင့်စကားကို နားထောင်နေသလား မထောင်နေဘူးလားတော့မသိ။
ခင်ခင်ဟာ သူရဲ့မျက်နှာတစ်ခုလုံးကို သဘောကျကျေနပ်စွာနဲ့ အချိန်တစ်ခုအထိ ကိုင်တွယ်နေလေတော့သည်။

" ဒီမနက်မှာ ခင်ခင့်အတွက်ဂုဏ်ပြုပွဲစီစဉ်ထားတယ် ကျုပ်တို့ဘဝထဲဝင်လာတဲ့ကလေးလေးအတွက်လည်း ပါတာပေါ့ .. "

အင်္ကျီနဲ့လွတ်နေသော ဂုတ်ပိုးနုနုလေးအား နှာတံဖြင့်ပွတ်သပ်ငုံ့နမ်းနေရင်း..

" အခု ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် ပွဲပြီးရင် ဂနိုင်းရဂုံကို လိုက်ပို့ပေးမယ် "

ခုနှစ်ဆောင်နန်းက မညှိုးပန်း (𝐎𝐧𝐠𝐨𝐢𝐧𝐠)Where stories live. Discover now